Friday, January 6, 2012
ဇန္န၀ါရီ
ကိုယ်မဖိတ်ခေါ်ပဲ သူ့ဘာသာသူရောက်လာတယ်
အသစ်ဆိုတာ မနှစ်ကလဲ ဖြစ်ခဲ့တာ ဟိုး...
နှစ်ပေါင်းများစွာကလဲ ဒီအတိုင်းပေါ့
အသက်တစ်နှစ်ကြီးသွားပြီ လို့ ပြောရင်ရသလို
တချို့ကတော့ သေဖို့နီးပြီ ဆိုလား
နှစ်သစ်မှာ နှစ်သစ်မှာ နှစ်သစ်မှာ အသံတွေလဲဆူညံ
ပြန် လွမ်းတာ တွေ့ ကြုံ ဆုံ ကွဲ တွေ
နေ ရာ ဒေသ စား ၀တ် နေရေး သွေးချင်းညီအကို
မိသားစု စစ်ပွဲ
လမ်းကြားထဲ လိုင်းကြားထဲ ဟိုအထဲ ဒီအထဲ
ပြု ပြင် ဆဲ ပြန်လည်လျှော်ဖွပ်အသုံးပြုမှုတွေ
လူမှုဟာရေးလို့ ရသလား လူမှုရေးလား
စီးပွါးရေးလား အိမ်ထောင်ရေးလား နိုင်ငံရေးလား
နှစ်ပေါင်းများစွာ သူ့ဘာသာသူရောက်လာတယ်
၇.၁.၂၀၁၂
Monday, January 2, 2012
Subscribe to:
Posts (Atom)