Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, January 6, 2016
ကဗျာက ထထ အော်တယ်
ေ တာင်လဲပြိုခဲ့ ကမ်းလဲပြိုခဲ့ ရာသီပေါ်သီးနှံတွေလဲရောင်းကောင်းလို့ ဓါတုဗေဒဆေးဝါးမပါတဲ့ သဘာဝစစ်စစ်တွေဖြစ်ရဲ့လား ကိုယ့်ထမင်းကိုယ်စားတို့ရဲ့ပီတိ ပကတိအမှန်တရားမှာ ငါတို့နိုင်ငံတော်အသစ်ဖြစ်ပြီလား ငါတို့နိုင်ငံတော်အသစ်ရပြီလား ငါတို့ရဲ့ကျဆုံးလေပြီးသောနိုင်ငံတော်က်ု ငါတို့ပြန်လည်ထူထောင်နိုင်ပြီလား ငါတို့ဟာမေးခွန်းများစွာကို ရင်ဆိုင်ကြရမယ် အနေအထားကတော့ သိပ်မလှဘူးငါတို့ ညီညွတ်ကြရမယ် ကြားလားကြားလား ကြားရင်အကြောင်းပြန် ဒါမွန့်ခ်ျအော်သံမဟုတ်ဘူး မြန်မာကဗျာဆရာအော်နေတာ
(သော်ဇင်အုန်း)
16.11.2015
အရိပ်ငတ်နေတဲ့စိတ်
နေရောင်အောက်မှာ
ခြေလှမ်းတွေဟာ
စိတ်ရဲ့ဆာလောင်မှုနောက်ကိုလိုက်နေကြရတယ်
ကိုယ့်အရိပ်ကို ကိုယ်နင်းလို့
အရိပ်အောက်ရောက်တော့
ကိုယ့်အရိပ်ဟာပျောက်သွားတော့တယ်
စိတ်က
အဝေးကို ငေး လို့ (သော်ဇင်အုန်း) 14.12.2015
မသေချာခြင်းတွေက
ကျနော့်ကိုအိပ်မက်တွေဖြစ်စေခဲ့
မနက်လင်းကတည်းက
ငှက်ကလေးတွေလွတ်လပ်နေပေမယ့်
ကျနော့်စိတ်ဟာ
ကျနော့်ကိုအိပ်မက်ထဲထိပြန်ခေါ်သွားတယ်
သင်္ဘောဦးမှာထိုင်ရင်း
လှိုင်းတွေဆီကတက်လာတဲ့
ရေမှုန်ဖွားဖွားလေးတွေ
မျက်နှာကိုလာရိုက်ခတ်တဲ့ခံစားမှုကို
ပြန်လိုချင်နေတဲ့
ကျကွဲသွားသောမှန်တစ်ချပ်ဟာ
ကျနော်များဖြစ်နေပြီလား
(သော်ဇင်အုန်း)
၂၃.၁၂.၂၀၀၅
ငါတို့ဟာအဲ့သလိုနေခဲ့ရတယ်
စောစောအိပ်လို့ စောစောထလို့စောစောလမ်းလျှောက်ကြပါစို့ သီချင်းတွေ ကျောင်းမှန်မှန်တက် စာမခက် ဆောင်ပုဒ်တွေနဲ့ အသင်းခေါင်းဆောင်တွေ အတန်းခေါင်းဆောင်တွေ ကျောင်းကောင်စီဝင်တွေ
တော်တော်ဆော့တဲ့ကျောင်းသားတွေကရုံးခန်းရောက်ကြ ကထိန်မှာအိုးစည် ဒိုးပတ်ငှားလို့ ကောက်ညှင်းပေါင်းထုပ်လေးတွေစားလို့ ၀ါဆိုသင်္ဃန်းကပ်တုန်းကလဲသူတို့မပါဘူး ထမ်းဟယ်ပိုးဟယ် စာမေးပွဲအတွက်သူတို့ခုံစီခဲ့ကြတယ်
(သော်ဇင်အုန်း) 25.12.2015
Friday, October 2, 2015
ရုပ်ရှင်နိုင်ငံတော်
ရုပ်ရှင်နိုင်ငံတော်
အမြဲတမ်း 
 ထမင်းဆီဆမ်းတောင်
 ဝဝလင်လင်မစားရဘဲ
 နိုင်ငံခြားဇာတ်လမ်းတွေကို
 တစ်ညမပြတ်ကြည့်နေကြ
 မနက်နှစ်လုံး ညနှစ်လုံး နဲ
့ ဘာတစ်လုံးကောင်းသတုံး
 လောင်းကစားတွေပျော်ရွှင်
 ရပ်ကွက်ထဲမှာ 
 အရက်ဟာ
 မိတ်ဆွေသူငယ်ချင်းသွေးသောက်ညီအကို 
 ဒါနဲ့ပဲ ဖောပြီးရှောသွားကြ 
 ဘောလုံးကလဲ 
ကမ္ဘာမှာငါတို့လောက်သိတာမရှိဘူး
 ညညနေ့နေ့အိပ်ရေးပျက်ကြ
 အာဏာရှင်ကတော့
 ခုထိမသေသေးဘူး 
 အနာဂတ်တွေကတော့ 
တစ်ယောက်ပြီးတစ်ယောက် 
 ပျောက်သွားကြတယ်
သော်ဇင်အုန့်း 
ကျင်စက်မလိုဘူး
ကျင်စက်မလိုဘူး
သူကလူဆိုးဖမ်းဖို့မဟုတ်ဘုး 
 သူကလူကောင်းရှာဖို့လဲမဟုတ်ဘူး
 သူကဘယ်တော့မှ
လူအချင်းချင်း သတ်ဖြတ်ချင်းကိုမလိုလားဘူး 
 သူကသတ္တဝါတွေကိုတောင်မှ 
သူ့သဘာဝအတိုင်းလွတ်လပ်စေချင်တာ 
 သူချစ်တာ
 သဘာဝတရားကိုပါ
 သူ့အတွက်တော့ 
 ခင်ဗျားတို့ထပ်မံတီထွင်စရာမလို 
 သူ့နာမည်ကိုက ကဗျာဆရာ
Friday, August 21, 2015
လယ်သမားတွေဟာလည်နေတယ်
ကျနော့်အဖိုးက
လယ်သမားစစ်စစ်
အင်္ဂလိပ်ခေတ်
ဂျပန်ခေတ်
အင်္ဂလိပ်ခေတ်
ဖဆပလ
ဗိုလ်ချူပ်ကျဆုံးသွား
ဦးနုနေရာရ
လွတ်လပ်ရေးတိုက်ပွဲများ
ဗိုလ်နေဝင်းအာဏာခဏလွှဲ
နောက်တော့ ထာဝရ
မဆလ အစိုးရ
တာဝန်ကြေစပါးကို
အဖိုးတာဝန်နှစ်တိုင်းကြေ
၁၉၈၈ အရေးအခင်းကြီးဖြစ်တော့
ရေဒီယိုအစုတ်လေးနဲ့ အဖိုး
လယ်ကွင်းထဲကအဖိုးနဲ့
တက်ကြွကျောင်းသားကျနော်
ညိရော
မြေးလေးအဖိုးကပြည်သူပါ
ကောက်ညှင်းပေါင်းလေးစား
ဦးရှင်ကြီးပူဇော်
လယ်ထဲပျိုးကြဲ
စပါးရိတ်တဲ့အခါ
တက်လာတဲ့အစိုးရကို
ဝမ်းစာချန်ပြီးပေးလိုက်တာ
ခုတော့ လယ်ကွင်းတွေ
သူ့နွားတွေ
သူ့တင်းဂုတ်တွေကို
အဖိုးစွန့်ခွါသွားပါပြီ
ခု
အဖိုးချစ်တဲ့ လယ်ကွက်ထဲမှာ
ရေတွေလွှမ်းနေပြီ
အဖိုးပြောတဲ့ဖင်ထဲရွှံ့ဝင်မှ
ထမင်းစားရတဲ့လယ်သမားတွေ
ဒုက္ခသည်ုဖြစ်နေပြီ
အဖိုးရေ
Thursday, May 28, 2015
ငါဟာပြည်သူတစ်ယောက်
စိတ်ဓါတ်ကျနေတဲ့ စိတ်ကုန်နေကြတဲ့
ဒီနေ့ခေတ်အခြေအနေကို
ဒီအခြေအနေထဲနေထိုင်အသက်ရှင်နေရတဲ့
ငါ
ကဗျာဆရာလဲ
မရွေးချယ်ဘဲနေရ
သစ်ကုလားအုတ်လည်ပင်းရှည်တွေနဲ့
မြို့ကြီးပြကြီးရဲ့လိုင်းကားကိုမျော်နေရ
ခြေဖျားလေးတွေလှမ်းလှမ်းထောက်ပြီး
ကြည့်နေကြရ
လိုင်းကားလာလို့တိုဝှေ့နေရာရပေမယ့်
ယာဉ်ကြောပိတ်ဆို့
ငါတို့ နိစ္စဓူဝ
ပူလောင် စိတ်တို
ချွေးထုတ်ခန်းသွားစရာမလို
ခန္ဓာကိုယ်အနှံ့ ချွေးသီးချွေးပေါက်ကျ
လူလူချင်း ဘဝတူချင်းဒေါသထွက်ရ
ငါတို့အစိုးရသစ်
ငါတို့ဒီမိုကရေစီ
ငါတို့၅နှစ်ပြည့်တော့့မည်
ငါတို့ပစ္စုပ္ပန်ကသည်းခံရ
ငါးမျှားတံမှာ
အစာတပ်ပြီးမျှားသလို
ငါတို့ဟာ အစာကိုဟပ်နေကြ
ငါတိုဟပ်တဲ့အနာဂတ်ဟာ
အာခေါင်ကိုစိုက်နေမယ့်
ငါးမြှားချိတ်လား
ငါ့နိုင်ငံတော်
ငါဟာ
ငါ့ရှေ့ကသမိုင်းတွေနဲ့
ငါ့ရှေ့ကစာအုပ်တွေနဲ့
ငါဟာ
ငါအလွတ်ကျက်ထားတဲ့စာမျက်နှာနဲ့
ငါကြီးလာခဲ့
ငါဟာ
ငါသိ ငါအနစ်နာခံ ငါနေရာမယူ
ငါကောင်းခဲ့ပါတယ်လို့ထားလိုက်ပါတော့
ငါကောင်းခဲ့တယ်
ငါကောင်းဖို့လုပ်နေတယ်
ငါဆိုတာ
ငါမပျောက်တော့
ငါမပျောက်ခဲ့တော့
ငါဟာ
ငါထဲမှာပိတ်မိနေတယ်
Thursday, April 2, 2015
ည (6)
ရေထသောက်တယ်
နာရီက၃တဲ့
အင်တာနက်ဖွင့်တော့
စစ်တွေဖြစ်လို့
သေစာရင်းတွေတိုး
ကြွက်ပေါက်လေးက ငါ့ရှေ့ဖြတ်ပြေး
ပဌာန်းရွတ်သံတွေကြားနာနေရတယ်
အိပ်နေသူတွေ
မအိပ်နိုင်သူတွေ
ငါတို့နိုင်ငံအိပ်ချိန် သူတို့နိုင်ငံ မနက်ခင်း
သတင်းကမ္ဘာဆိုတာ
အပျင်းမပြေပါ
စိတ်မချမ်းသာစွာ
ဒီအိုင်တီကမ္ဘာ
ငါလူဖြစ်ရတာ
ဒီလိုလား
ငါ့နိုင်ငံတော်
ငါဟာ
ငါ့ရှေ့ကသမိုင်းတွေနဲ့
ငါ့ရှေ့ကစာအုပ်တွေနဲ့
ငါဟာ
ငါအလွတ်ကျက်ထားတဲ့စာမျက်နှာနဲ့
ငါကြီးလာခဲ့
ငါဟာ
ငါသိ ငါအနစ်နာခံ ငါနေရာမယူ
ငါကောင်းခဲ့ပါတယ်လို့ထားလိုက်ပါတော့
ငါကောင်းခဲ့တယ်
ငါကောင်းဖို့လုပ်နေတယ်
ငါဆိုတာ
ငါမပျောက်တော့
ငါမပျောက်ခဲ့တော့
ငါဟာ
ငါထဲမှာပိတ်မိနေတယ်
Sunday, December 21, 2014
မျက်မမြင်တစ်ယောက် ခွဲစိတ်ပြီးနောက်မှာ ပထမဆုံး မြင်တွေ့လိုက်ရတဲ့ အရာ
မြစ်တွေသောင်ထွန်းသလိုမျိုး
ငါတို့ဘဝတွေထဲမှာလဲ
အစာ အဝတ် နေရာ ပညာ
သောင်တွေထွန်းနေခဲ့တယ်
တစ်ဘက်မှာသောင်ထွန်း
တစ်ဘက်မှာကမ်းပြိုသလို
ငါတို့ဘဝတွေ
ကမ်းပြိုခဲ့ရ
မိုးရာသီရေတွေကြီးရင်
မြစ်ရေစီးက စီးချင်ရာစီးသလို စီးသမို့
မြစ်တွေကိုချိုးတဲ့
မြစ်ကျိုးအင်းတွေပေါ်လာသလို
ငါတို့ဘဝတွေ
မြစ်ကျိုးအင်းဖြစ်ရ
မြစ်ကပင်လယ်ဆီမရောက်ခင်
မြင်မြင်ရာမြေပြင်ပေါ်သူဝင်စီးသလ
ို
ငါတို့ဘဝတွေ
မြစ်ရေလွှမ်းသလို
ဘဝတွေလွှမ်းမိုးခံရ
ဘဝတွေက
ခုထိ
စာပြင်ဆရာပြင်နေတဲ့
သတ်ပုံအမှားထဲမှာ မျော
ဖျက်ရာပြင်ရာ မှင်နီတွေရဲရဲနီနေတဲ့
စာမျက်နှာတွေပါ
ရန်ကုန်
စစ်မဖြစ်ပဲ
အပြေးအလွှား ပြေးနေရတဲ့မြို့
အသက်ရှုဖို့ထက်
အချိန်ကို လုနေရတဲ့မြို့
ငွေဟာတန်ဘိုးရှိပြီး
လူဟာတန်ဘိုးမဲ့နေတဲ့မြို့
ကွမ်းသွေးတွေ
အမှိုက်တွေ
ကားမီးခိုးနံ့တွေ
ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့
လမ်းကြောင်းတွေရှိနေသေးတဲ့မြို့
လူသွားလမ်းပေါ်မှာ
လူတွေလမ်းလျှောက်လို့မရတဲ့မြို့
ရေမြောင်းတွေကရေမစီးပဲ
လမ်းတွေပေါ်ရေစီးနေတဲ့မြို့
အတွင်းကိုမမြင်ရတဲ့ကားနက်ကြီးတွေ
ခုထိ မင်းမူနေတဲ့မြို့
မီးခဏခဏပျက်မယ်
စပယ်ယာတွေမိုက်ရိုင်းမယ်
ကားတွေအလုအယက်မောင်းမယ်
တပ်ပိုင်မြေဆိုပြီး
နိုင်ငံခြားသားတွေလက်ထဲ
မြေတွေရောက်သွားတဲ့မြို့
ဘာသာစုံတယ်
လူမျိုးစုံတယ်
တစ်နိုင်ငံလုံးရဲ့ဗဟိုချက်မ
ရွှေတိဂုံရှိရုံနဲ့
သူ့ဂုဏ်ပုဒ်က ပြီးပြည့်စုံနေပြီ
နန်းကျဘုရင်တစ်ပါးကို
သူ့ကိုချစ်တဲ့ပြည်သူတွေနဲ့
သူရဲကောင်းတွေက
နန်းပြန်တင်ဖို့
အမြဲကြိုးစားနေတဲ့
မြို့
Friday, June 6, 2014
သမ္မတ
သမ္မတ
၆လလောက် သမ္မတလုပ်ကြည့်ချင်တယ်
ဒီမိုကရေစီတိုက်ပွဲတွင်းမှာ
ကျဆုံးခဲ့ကြတဲ့
ရဟန်းရှင်လူပြည်သူအပေါင်းအတွက်
ဒီမိုကရေစီဗိမာန်ကြီးတည်ဆောက်ပြီး
နောင်လာနောက်သားတွေအတွက်
သမိုင်းမှတ်တမ်းအမှန်
ရေးမယ်
 သတ်ဖြတ်ခဲ့တဲ့သူတွေကိုလဲ
စာရင်းပြုစုပြီး
မှတ်တမ်းတင်ထားမယ်
သမိုင်းစာမေးပွဲစစ်ပြီးမှခန့်မယ်
ကိုယ့်နိုင်ငံရဲ့သမိုင်းအမှန်ကိုမှမသိတဲ့သူကို
ဝန်ကြီးခန့်လိုက်ရင်
တိုင်းပြည်ပျက်မှာပေါ့
၆လလောက်သမ္မတလုပ်ကြည့်ချင်တယ်
ကျုပ်တို့နိုင်ငံကမြစ်တွေကို
ဘယ်နိုင်ငံကိုမှ
ရောင်းမစားဘူး
 စာချုပ်တွေကြောင့်လျှော်ကြေးပေးရမယ်ဆိုရင်
စစ်အသုံးစရိတ်လျှော့ချပစ်မယ်
သာမန်ပြည်သူတွေနဲ့
ဘာမှမဆိုင်တဲ့
ဂေါက်ကွင်းတွေရောင်းလိုက်မယ်
 ဂေါက်မရိုက်ရလို့မနေနိုင်တဲ့သူတွေကို
ကဗျာတွေရွတ်ပြီး
နေတတ်အောင်သင်ပေးမယ်
 ကဗျာဆိုတာ
ကမ္ဘာ့ရတနာလေ
၆လလောက်သမ္မတလုပ်ကြည့်ချင်တယ်
ကျပ်သုံးသိန်းကျော်လက်ဆောင်လက်ခံလျှင်
လာဘ်ပေးလာဘ်ယူသတ်မှတ်မည်
ဆိုတဲ့
ဦးသိန်းစိန်ရဲ့သတ်မှတ်ချက်ကို
ဖျက်မယ်
တစ်ကျပ်စားလဲ အပြစ်ပဲ
နှစ်ကျပ်စားလဲ အပြစ်ပဲ
ဒီလောက်ရှင်းနေတာကို
ရှုပ်အောင်လုပ်တဲ့စကား
သူဆင်းသွားရင်ယူသွားတော့
ကျုပ်သက်တမ်းမှာ
ခင်ဗျားတို့စကားတွေ
မသုံးဘူး
၆လလောက်သမ္မတ လုပ်ကြည့်ချင်တယ်
 ပြည်သူ့အခွန်နဲ့ခန့်ထားတဲ့
ဝန်ထမ်းတွေရှိရဲ့သားနဲ့
တစ်ခါလာလဲကော်မရှင်တစ်ခါလာလဲ
ကော်မရှင်တွေဖွဲ့နေကြတာတွေဟာ
အချိန်ကုန်တယ်ငွေကုန်တယ်
ကျုပ်သက်တမ်းအတွင်းမှာ
စုံစမ်းရေးကော်မရှင်
မဖွဲ့ရ
 ကျနော်တို့ကိုရွေးပါ မဲပေးပါပြည်သူတွေအတွက်ပါဆိုပြီး
လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့သူတွေ
ခုတော့
လွှတ်တော်လဲမတက်
ပြည်သူတွေနဲ့လဲမတွေ့
ဘာမှမလုပ်တဲ့အမတ်တွေကို
ပြည်သူတွေက တရားစွဲဆိုနိုင်ခွင့်ဥပဒေ
ပြဌာန်းနိုင်ဖို့
လွှတ်တော်ကို သ၀ဏ်လွှာပို့မယ်
 လွှတ်တော်မှာ ဘာမှမလုပ်ပဲ
ထိုင်ငိုက်နေတဲ့အမတ်တွေကို
ဆရာဇော်ဂျီရဲ့
သင်သေသွားသော် ကဗျာကိုအလွတ်ရအောင်ကျက်ပြီးရင်
စာသားတစ်လုံးချင်းရဲ့
အဓိပါယ်ကိုမေးမယ်
6လလောက်သမ္မတ လုပ်ကြည့်ချင်တယ်
ခရိုနီတွေပိုင်တဲ့FMတွေ ရုပ်သံတွေ
နိုင်ငံပိုင်ဆိုပေမယ့် ပြည်သူတွေမပိုင်တဲ့
နိုင်ငံပိုင်သတင်းစာ ရုပ်မြင်သံကြားတွေကနေ
ကဗျာတွေနေ့တိုင်းရွတ်မယ်
ကြည့်ရှုနားထောင်တဲ့သူတွေကို
တိုက်တစ်လုံးကားတစ်စီး ပေးမယ်
ကဗျာကိုမကြည့်နားမထောင်တဲ့သူတွေကို
ဟန်းဖုန်းတွေစာချုပ်မချုပ်ပဲပေးမယ်
ကဗျာရွတ်သံကိုမုန်းတဲ့သူတွေကိုလဲ
အရေးမယူပါဘူး
ကဗျာကိုချစ်တတ်အောင်သင်ပေးမယ်
ကဗျာရွတ်သံဟာ
ဗုံးသံသေနတ်သံတွေထက်တော့
သာယာပါတယ်နော်
၆လလောက်သမ္မတ လုပ်ကြည့်ချင်တယ်
တရုပ်ကိုပို့တဲ့ ဓါတ်ငွေ့ပိုက်လိုင်းကို
ခဏရပ်ပြီး
ရခိုင်ဒေသတစ်ခုလုံးကို
လင်းထိန်နေအောင် မီးပေးမယ်
 တစ်နိုင်ငံလုံး
ဘာသာရေးအကြမ်းဖက်မှုတွေ
မရှိစေရ
 စစ်သားတွေကို
သီချင်းဆိုမလား ရုပ်ရှင်ကြည့်မလား
ပန်းချီဆွဲချင်ဆွဲ
ကဗျာရေးချင်ရေး
သေနတ်အစား
လက်တော့လေးတွေ
တစ်ယောက်တစ်လုံးဝယ်ပေးမယ်
 မြစ်ဆုံကတရုပ်တွေ
လက်ပန်းတောင်းကတရုပ်တွေကို
အိမ်ပြန်နားခိုင်းလိုက်မယ်
 စကားတွေနဲ့ ရမ်းကားနေတဲ့
ဝန်ကြီးတွေ
လွှတ်တော်အမတ်တွေကို
နွားနို့တိုက်ပြီး
တောင်းပန်ခိုင်းမယ်
အနန္ဒသူရိယအမတ်ကြီးရဲ့
မျက်ဖြေလင်္ကာကို
အလွတ်ရအောင်ကျက်ခိုင်းမယ်
ကဗျာကိုအလွတ်ကျက်တာဟာ
တစ်ယောက်နဲ့တစ်ယောက်
သတ်နေတာထက်တော့
ကောင်းတာပေါ့နော်
(သော်ဇင်အုန်း)
လက်ပံတောင်းဟာ တောင်လား
လက်ပံတောင်းဟာ တောင်လား
February 21, 2013 at 7:51pm
ဒီနေ့ တော်ဝင်နှင်းဆီမှာ ကဗျာရွတ်တယ်
   လက်ပံတောင်းဟာ
     တောင်လား
လက်ပံတောင်းဟာ
မုံရွာထောင်ထဲ ကို ရောက်သွားတယ်
လက်ပံတောင်းဟာ
နိုင်ငံခြားမှာ ဆေးသွားကုခွင့်ရခဲ့တယ်
လက်ပံတောင်းဟာ
ခုထိ စုံစမ်းလို့ကို မပြီးသေးတဲ့
ကော်မရှင်တစ်ခုရထားတယ်
လက်ပံတောင်းဟာ
ဘယ်သူ့ကိုမှ မမုန်းဘူး
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်နိုင်ငံကို
လက်ပံတောင်းဟာ
ချစ်တာ
လက်ပံတောင်းဟာ
သယံဇာတကျိန်စာလား
တကယ်တော့
သယံဇာတ ကိုလိမ်ညာနေလို့ပါ
သယံဇာတဟာ လိမ်ညာခြင်း ခံထားရတဲ့ အရာ……..
(သော်ဇင်အုန်း)
ငါတို့ဟာ အဲ့သလို နေခဲ့ကြရတယ်
ငါတို့ဟာ အဲ့သလို နေခဲ့ကြရတယ်
June 1, 2013 at 8:42pm
မုန့်ဘိုး ဆယ့်ငါးပြား တစ်မတ်နဲ့ ငါးမူးနဲ့
ကျပ်ပြည့်အောင်ဘယ်တော့မှ မသုံးဘူး
ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့
ကျောက်တံ ခဲတံတွေကို အိတ်ရှုံ့လေးထဲထည့်ပြီး
လည်ပင်းမှာ ချိတ်ဆွဲလို့
မော်ကွန်းရုပ်ရှင်ပိတ်ကားကို ငေးမောလို့
ဗိုဗကိုရဲ့ သရက်ဌာနချုပ်အသံ
ဦးသာဆန်းရဲ့ ဘောလုံးပွဲအသံ
ဦးဇော်ဝင်းရဲ့ အသံလွှင့်ဇာတ်တွေနဲ့
ဒူးယားသောက်ချင်သောက်
ခပေါင်းအစီခံမပါတာသောက်ချင်သောက်
BE ကိုတန်းစီ သောက်ချင်သောက်
စိန်မဟာသဘင် ကြည့်မလား
မိုးဝင်းလား  ရွှေနန်းတင်သား နန်းဝင်းလား
ချမ်းသာလား  မန္တလေးသိန်းဇော်လား
ဘဲလေးစိမ်းလား  ပန်တျာကြည်လင်လား
ဂျိုးဖြူလား   ချစ်ဖွယ်လား
ဆိုဗီယက်ပြန်ဦးမောင်မောင်လား
ရွှေမန်းသန်းနိုင်လား
မီးကွင်းပစ်တဲ့ကြားမှာလဲရင်တထိတ်ထတ်
သမ၀ါယမတွေ  တောင်သူလယ်သမားအစည်းအရုံးတွေ
ဆိုက္ကားဆရာတွေလဲ  တရားသူကြီးဖြစ်
စက်ရုံအင်ဂျင်နီယာ  အထက်မှာ စစ်ဗိုလ်က စက်ရုံမှုး  ဖြစ်လို့
                                                       (သော်ဇင်အုန်း)
                                                            ၁.၆.၁၃
၂၀၁၅ လား ၂၀၂၀ လား ၂၀၂၅ လား
၂၀၁၅ လား ၂၀၂၀ လား ၂၀၂၅ လား
March 9, 2013 at 9:45pm
ကဗျာက တကယ်တော့ ကဗျာပဲ ရေးနေချင်တာ
ကန်ရေပြင်ပေါ်မှာ လေ ညှင်းလေးက တိုက်လို့
ကန်ဘောင်ပေါ်မှာ လူသားတွေ စုံလို့ ချစ်သူစုံတွဲတွေနဲ့
ဂစ်တာ တီးနေတဲ့ လူငယ်တွေ
အပြင်းပြေ လမ်းလျှောက်နေတဲ့ မိသားစုတွေ
နဲ့
အင်းလျားရဲ့အလှတွေ
အင်းလေးကန်ကလဲ အင်းသားတွေလှေကို
ခြေနဲ့လှော်လို့
ဖောင်တော်ဦးဘုရားကို ဖူးလို့
မနောပွဲတွေ
ကရင်ဒုန်းယိမ်းတွေနဲ့
တောင်ကြီးမှာမီးပုံးပျံတွေလွှတ်ကြ
မွန်ဆိုတာ ထေရ၀ါဒ အစပြုရာ လို့
ချင်းတွေရဲ့ ၀ါးညှပ်အကဟာလွယ်လား
ကချင်တွေရဲ့မနောပွဲမှာ အတူတူကတော့
ကယားဆိုတာ ငွေတောင်ပြည် ဟ
ဒွေးမယ်နော် ငွေတောင်ပြည်  အလွမ်းက စံနမူနာယူစရာ
ရခိုင်မှာ လှေနဲ့ သင်္ကြန်ရေတွေပက်လို့
မြောက်ဦးဟာ
သမိုင်းထဲက ရခိုင်ဟာ
ခု ခိုင်ရဲ့လား  ရခိုင်
ကဗျာက
အလှရှာပြီး ကဗျာအလှ ရှာပုံတော်လို
ကဗျာရေးနေမယ်လို့ စိတ်ကူးတော့
၂၀၁၃မှာ
 လက်မခံချင်လဲ လက်ခံရနေတဲ့
ပြည်ထောင်စုသမ္မတမြန်မာနီုင်ငံ
ထဲမှာ
နိုင်ငံခြားကလဲလာ လူပါးဝ
နိုင်ငံထဲက လူတွေကလဲ နိုင်ငံသားချင်းရက်စက်ကြ
နိုင်ငံသားအချင်းချင်းလဲ ကွဲကြ   ပြဲကြ
ကဗျာက
ဘာရေးရမလဲ
လှလှပပ ကဗျာလား
ထောက်ခံရေးကဗျာလား
ကန့်ကွက်ရေးကဗျာလား
ပြန်လည်တည်ဆောက်ရေးကဗျာလား
ဆန္ဒထုတ်ဖော်ရေးကဗျာလား
ညီညွတ်ရေးကဗျာလား
ငြိမ်းချမ်းရေးကဗျာလား
ကဗျာပဲရေးနေရင်ပြီးရောလား
ကဗျာက သီးသန့်နေရမှာလား
ကဗျာက နီုင်ငံတကာ ကို ရောက်ဖို့ နိုင်ငံတကာဆန်ဖို့လား
ကဗျာက မြန်မာပြည်ထဲမှာ မြန်မာလို  ကဗျာဆန်နေဖို့လား
ကဗျာစာမူခ များလာလို့လား
ကဗျာဆရာချင်းတိုက်ခိုက်ဖို့လား
ကဗျာက တိုက်ခိုက်ရေးလမ်းကြောင်းထဲမှာလား
ကဗျာက ညီညွတ်ရေး လိုင်းထဲမှာလား
ကဗျာက ရှည်လို့
ဘယ်နေရာမှာ ဖော်ပြလို့ရမယ်ဆိုတာ ကို
မသိတဲ့
ကဗျာရှည်ကြီးလားးးးးးးးးးး
 (သော်ဇင်အုန်း)
    ၉.၃.၁၃
သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင် ပန်းချီကားတစ်ချပ်
သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင် ပန်းချီကားတစ်ချပ်
July 2, 2013 at 8:07pm
သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင်
           ပန်းချီကားတစ်ချပ်
                 (၁၉၈၈)
ဗိုလ်နေ၀င်းပြောတဲ့အတိုင်း
စစ်တပ်က တည့်တည့်ပစ်တယ်
ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ
အတုံးအရုံးထပ်ရင်းလဲပြိုကာနေ ။။။သီချင်းတွေဆိုရင်း
ခွပ်ဒေါင်းအလံတွေကို အဓိကပစ်မှတ်ထားလို့
ကျောင်းသားဆိုတာ ဗကပ တွေ
အဖြူအစိမ်းတွေကို သေသေချာချာရွေးပစ်ကြ
ဗကပတွေ
ဂိုထောင်တွေဝင်လုကြဟေ့
အဆိပ်ခတ်သလိုလို ဖန်တီးကြ
ခေါင်းဖြတ်တာတွေ လူသတ်တာတွေ
များများလုပ်ကြစမ်းပါစေ
၁၉၆၂  က  ကျောင်းသား သမဂ္ဂအဆောက်အအုံကိုတောင်မှ
ဗုံးခွဲနိုင်ခဲ့တာ
တပ်မ၂၂ ကို ရန်ကုန်မှာထား
ကုန်သွယ်ရေးရုံးကိစ္စမှာ
ဘုန်းကြီးတွေပါလာပြီ
ရေးချင်တာရေးကြစမ်းပါစေ
လွှတ်ထားလိုက်
တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးအလိုဆိုပြီး
 ဦးနုဆီကလွဲယူခဲ့တာ
ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအတွက်ဆိုပြီးကြေငြာလိုက်
ရဲဘော်တို့
တပ်မတော်သာအမိ တပ်မတော်သာအဖ
အာဏာသိမ်းလိုက်တော့
၁၈.၉.၁၉၈၈
ညနေ ၄ နာရီ
                                         (သော်ဇင်အုန်း)
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
June 8, 2013 at 8:15am
၁၅၀၀တန်ဖုန်းတွေ
ခြောက်သောင်းကျော်အထိ တန်ဘိုးတက်သွားတဲ့အတွက်
ပဋိပက္ခတွေဖြစ်ပြီးရင်
ဒုက္ခသည်စခန်းတွေဆောက်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
နွေရာသီမှာ မီးခဏခဏပျက်ပြီး
မိုးရာသီမှာ ရေတွေကြီးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ကျောင်းအပ်တာ အခမဲ့အပြင် ပိုက်ဆံတစ်ထောင်ပြန်ပေးတဲ့အတွက်
ကလေးအလုပ်သမားတွေလဲ ပိုမိုများပြားလာတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ဒုတိယကမ္ဘာစစ်ကျန် ဘတ်စ်ကားအိုကြီးတွေရှိနေသေးတဲ့အတွက်
ဘတ်စ်ကားစပယ်ယာတွေ အပြောအဆိုပိုကြမ်းပြီး
လိုင်းကားတွေ အလုအယက်ပိုမောင်းနေကြတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ဒီနေ့တော့ မင်္ဂလာသတင်းပါ
ကိုယ်ပိုင်လေယာဉ်တွေ ၀ယ်စီးခွင့်ရပြီဆိုတဲ့အတွက်
ကျွန်တော်စိတ်ကူးယဉ်ခွင့်ရတာ
အထူး   ကျေးဇူးတင်ပါတယ်……
                            (သော်ဇင်အုန်း)
                                  ၅.၆.၁၃
Friday, February 21, 2014
မိသားစု
မိသားစု
ငါ့ကိုချစ်တဲ့လူ
ငါကချစ်တဲ့လူ
ငါတို့အားလုံးအတူတူ