Wednesday, January 6, 2016

မသေချာခြင်းတွေက
ကျနော့်ကိုအိပ်မက်တွေဖြစ်စေခဲ့
မနက်လင်းကတည်းက
ငှက်ကလေးတွေလွတ်လပ်နေပေမယ့်
ကျနော့်စိတ်ဟာ
ကျနော့်ကိုအိပ်မက်ထဲထိပြန်ခေါ်သွားတယ်
သင်္ဘောဦးမှာထိုင်ရင်း
လှိုင်းတွေဆီကတက်လာတဲ့
ရေမှုန်ဖွားဖွားလေးတွေ
မျက်နှာကိုလာရိုက်ခတ်တဲ့ခံစားမှုကို
ပြန်လိုချင်နေတဲ့
ကျကွဲသွားသောမှန်တစ်ချပ်ဟာ
ကျနော်များဖြစ်နေပြီလား
(သော်ဇင်အုန်း)
၂၃.၁၂.၂၀၀၅

No comments:

Post a Comment