ေ တာင်လဲပြိုခဲ့
ကမ်းလဲပြိုခဲ့
ရာသီပေါ်သီးနှံတွေလဲရောင်းကောင်းလို့
ဓါတုဗေဒဆေးဝါးမပါတဲ့
သဘာဝစစ်စစ်တွေဖြစ်ရဲ့လား
ကိုယ့်ထမင်းကိုယ်စားတို့ရဲ့ပီတိ
ပကတိအမှန်တရားမှာ
ငါတို့နိုင်ငံတော်အသစ်ဖြစ်ပြီလား
ငါတို့နိုင်ငံတော်အသစ်ရပြီလား
ငါတို့ရဲ့ကျဆုံးလေပြီးသောနိုင်ငံတော်က်ု
ငါတို့ပြန်လည်ထူထောင်နိုင်ပြီလား
ငါတို့ဟာမေးခွန်းများစွာကို
ရင်ဆိုင်ကြရမယ်
အနေအထားကတော့
သိပ်မလှဘူးငါတို့
ညီညွတ်ကြရမယ်
ကြားလားကြားလား
ကြားရင်အကြောင်းပြန်
ဒါမွန့်ခ်ျအော်သံမဟုတ်ဘူး
မြန်မာကဗျာဆရာအော်နေတာ
(သော်ဇင်အုန်း)
16.11.2015
No comments:
Post a Comment