Sunday, December 21, 2014

မျက်မမြင်တစ်ယောက် ခွဲစိတ်ပြီးနောက်မှာ ပထမဆုံး မြင်တွေ့လိုက်ရတဲ့ အရာ


မြစ်တွေသောင်ထွန်းသလိုမျိုး
ငါတို့ဘဝတွေထဲမှာလဲ
အစာ အဝတ် နေရာ ပညာ
သောင်တွေထွန်းနေခဲ့တယ်
တစ်ဘက်မှာသောင်ထွန်း
တစ်ဘက်မှာကမ်းပြိုသလို
ငါတို့ဘဝတွေ
ကမ်းပြိုခဲ့ရ
မိုးရာသီရေတွေကြီးရင်
မြစ်ရေစီးက စီးချင်ရာစီးသလို စီးသမို့
မြစ်တွေကိုချိုးတဲ့
မြစ်ကျိုးအင်းတွေပေါ်လာသလို
ငါတို့ဘဝတွေ
မြစ်ကျိုးအင်းဖြစ်ရ
မြစ်ကပင်လယ်ဆီမရောက်ခင်
မြင်မြင်ရာမြေပြင်ပေါ်သူဝင်စီးသလ
ို
ငါတို့ဘဝတွေ
မြစ်ရေလွှမ်းသလို
ဘဝတွေလွှမ်းမိုးခံရ
ဘဝတွေက
ခုထိ
စာပြင်ဆရာပြင်နေတဲ့
သတ်ပုံအမှားထဲမှာ မျော
ဖျက်ရာပြင်ရာ မှင်နီတွေရဲရဲနီနေတဲ့
စာမျက်နှာတွေပါ

ရန်ကုန်

စစ်မဖြစ်ပဲ
အပြေးအလွှား ပြေးနေရတဲ့မြို့
အသက်ရှုဖို့ထက်
အချိန်ကို လုနေရတဲ့မြို့
ငွေဟာတန်ဘိုးရှိပြီး
လူဟာတန်ဘိုးမဲ့နေတဲ့မြို့
ကွမ်းသွေးတွေ
အမှိုက်တွေ
ကားမီးခိုးနံ့တွေ
ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့
လမ်းကြောင်းတွေရှိနေသေးတဲ့မြို့
လူသွားလမ်းပေါ်မှာ
လူတွေလမ်းလျှောက်လို့မရတဲ့မြို့
ရေမြောင်းတွေကရေမစီးပဲ
လမ်းတွေပေါ်ရေစီးနေတဲ့မြို့
အတွင်းကိုမမြင်ရတဲ့ကားနက်ကြီးတေ
ခုထိ မင်းမူနေတဲ့မြို့
မီးခဏခဏပျက်မယ်
စပယ်ယာတွေမိုက်ရိုင်းမယ်
ကားတွေအလုအယက်မောင်းမယ်
တပ်ပိုင်မြေဆိုပြီး
နိုင်ငံခြားသားတွေလက်ထဲ
မြေတွေရောက်သွားတဲ့မြို့
ဘာသာစုံတယ်
လူမျိုးစုံတယ်
တစ်နိုင်ငံလုံးရဲ့ဗဟိုချက်မ
ရွှေတိဂုံရှိရုံနဲ့
သူ့ဂုဏ်ပုဒ်က ပြီးပြည့်စုံနေပြီ
နန်းကျဘုရင်တစ်ပါးကို
သူ့ကိုချစ်တဲ့ပြည်သူတွေနဲ့
သူရဲကောင်းတွေက
နန်းပြန်တင်ဖို့
အမြဲကြိုးစားနေတဲ့
မြို့

ည(၁)

အိပ်မပျော်ဘူး
အိပ်မရဘူး
တိတ်လို့
ငြိမ်လို့
ငါကအိမ်ထဲမှာ
စာဖတ်ချင်ဖတ်လို့ရတယ်
တယ်လီဗီးရှင်းကြည့်ချင်ကြည့်လို့ရတယ်
ဗိုက်ဆာလဲစားစရာရှိတယ်
သူတို့တွေ
ဒုက္ခသည်စခန်းမှာ
ဘယ်လိုနေကြပါလိမ့်
ငါ
စဉ်းစားနေမိ
(သော်ဇင်အုန်း)
၂၂.၆.၁၄

ငါ

သေမင်းဆိုတဲ့ ကြိုးစကိုချည်ရင်း
အောင်မြင်ခြင်းဆိုတဲ့တောင်ထိပ်မှာ
ငါတို့အလံစိုက်
ခုထိ
ငါတို့မိုက်တွင်းတွေရှည်လျား
ဘယ်သူမှနိုင်မသွားတဲ့
ရှင်ခြင်းမှာ
က်ုယ့်ကိုယ်ကို
သူရဲကောင်းလို့ထင
ဘယ်တော့မှပြင်မရတဲ့
ဒီနေ့ကမ္ဘာ