Friday, June 6, 2014

သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင် ပန်းချီကားတစ်ချပ်

သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင် ပန်းချီကားတစ်ချပ်

July 2, 2013 at 8:07pm
သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင်
           ပန်းချီကားတစ်ချပ်
                 (၁၉၈၈)
ဗိုလ်နေ၀င်းပြောတဲ့အတိုင်း
စစ်တပ်က တည့်တည့်ပစ်တယ်
ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ
အတုံးအရုံးထပ်ရင်းလဲပြိုကာနေ ။။။သီချင်းတွေဆိုရင်း
ခွပ်ဒေါင်းအလံတွေကို အဓိကပစ်မှတ်ထားလို့
ကျောင်းသားဆိုတာ ဗကပ တွေ
အဖြူအစိမ်းတွေကို သေသေချာချာရွေးပစ်ကြ
ဗကပတွေ
ဂိုထောင်တွေဝင်လုကြဟေ့
အဆိပ်ခတ်သလိုလို ဖန်တီးကြ
ခေါင်းဖြတ်တာတွေ လူသတ်တာတွေ
များများလုပ်ကြစမ်းပါစေ
၁၉၆၂  က  ကျောင်းသား သမဂ္ဂအဆောက်အအုံကိုတောင်မှ
ဗုံးခွဲနိုင်ခဲ့တာ
တပ်မ၂၂ ကို ရန်ကုန်မှာထား
ကုန်သွယ်ရေးရုံးကိစ္စမှာ
ဘုန်းကြီးတွေပါလာပြီ
ရေးချင်တာရေးကြစမ်းပါစေ
လွှတ်ထားလိုက်
တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးအလိုဆိုပြီး
 ဦးနုဆီကလွဲယူခဲ့တာ
ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအတွက်ဆိုပြီးကြေငြာလိုက်
ရဲဘော်တို့
တပ်မတော်သာအမိ တပ်မတော်သာအဖ
အာဏာသိမ်းလိုက်တော့
၁၈.၉.၁၉၈၈
ညနေ ၄ နာရီ
                                         (သော်ဇင်အုန်း)

No comments:

Post a Comment