Friday, December 2, 2011

မှော်မသွင်းနိုင်တဲ့ကဗျာ

စိတ်တွေက ညနေခင်းဆီပဲ ယိုင်ယိုင်သွားတယ်။
ကိုယ့်မှာ မလုံခြုံတော့တာနဲ့
မေမေ့ဆီမှာ
ရိုးသားခြင်းကို သွားအပ်ထားလိုက်ပြီ
“ ဟဲလို- ဖေဖေလား
ကျွန်တော် အရင်ဘ၀က သားကြီးပါ
အဲဒီမှာ ဖေဖေရောက်တာ ကိုးနှစ်ရှိပြီနော်
အဆင်ပြေပါရဲ့လား”
သံသရာရထားပေါ်မှာတော့
အမေနဲ့ညီငယ်နှစ်ယောက်ကတစ်တွဲ
ကျွန်တော်တို့မိသားစုကတစ်တွဲ
တတိယမြောက်ညီလေးမိသားစုကတစ်တွဲ
တစ်ခရီးတည်းပေမယ့် ထိုင်ခုံတွေ ကွဲလို့…


(ကွယ်လွန်သွားပြီဖြစ်သော ဖေဖေ…သို့)

No comments:

Post a Comment