Sunday, December 4, 2011

ဆည်းလည်းလေး

ကြော်ငြာမင်းသားတွေနဲ့အပြိုင်
တီဗီရှေ့မှာ အားရပါးရကွေးနေအောင်ကလို့

မိုးလင်းကတည်းက
ပါဝါရိန်းဂျားဖြစ်လိုက်
ဘန်တန်းဖြစ်လိုက်
ကိုယ်ပျောက်ဘိုဘို ဖြစ်လိုက်

တစ်အိမ်လုံးလည်း ကစားစရာတွေချည်းပဲ
စက်ဘီးပေါ်မှာ အရုပ်ပေါင်းစုံတင်လို့
ဂျစ်ကားဘီးကို ပါဂျဲရိုးမှာတပ်
ရထားပေါ် မျောက်တွေ၊ ဆင်တွေ၊ကျားတွေ တင်မယ်
လေယာဉ်ပျံလည်း တောင်ပံတွေ မရှိတော့ဘူး
ပင့်ကူလူသားလည်း ခေါင်းပျောက်သွားပြီ
ဖိုးဝရုပ်လည်း ဗိုက်ပေါက်သွားပြီ

မီးလာပြီလား    ဖေဖေ
ဂါးဖီးလည်း မကြည့်ချင်ဘူး
ကြောင်နဲ့ကြွက်လည်း မဟုတ်ဘူး
မရဘူးနော် မစ္စတာဘင်းန်ပဲကြည့်မယ်

မေမေက ပေါင်ကိုဆွဲဆိတ်တာ နာလိုက်တာ
 လာ ပါ  ဖေဖေ  ရ
သားအရပ်ကို   တိုင်းပေးပါဦး
              (၂၉.၁၁.၂၀၀၉)

No comments:

Post a Comment