Friday, June 22, 2012

ပထမတန်းကျောင်းသားလေးနှင့်တွေ့ဆုံခြင်း

ပထမတန်း ကျောင်းသားလေးနှင့် တွေ့ဆုံခြင်း


နံနက်ကိုးနာရီခွဲ   ကျောင်းတက်ချိန်

တစ်ခါတလေ   တန်းစီ
လေးတန်း သုံးတန်း အပြင်မှာထွက်စီ
နှစ်တန်း တစ်တန်း သူငယ်တန်း
ကိုယ့်အတန်းထဲမှာကိုယ်စီ
နိုင်ငံတော်သီချင်းကိုဆို  ၊နိုင်ငံတော်အလံကိုအလေးပြု
မြန်မာကျောင်းသားသီချင်းကိုဆို၊ ပညာရေးမျှော်မှန်းချက်တွေကိုဆို
ကျောင်းသားအရေးသုံးပါးကို ဆို၊တို့တာဝန်အရေးသုံးပါးကို ဆို
ကျောင်းသားကောင်းသီချင်းကို ဆို
ဘုရားရှစ်ခိုး တရားထိုင်
အားလုံးမတ်တပ်ရပ်  ဆရာမကိုနှုတ်ဆက်  မင်္ဂလာပါဆရာမ
ပဉ္စဂုဏံ  အဟံဝန္တာမိ  အာစရိယဂုဏံ အဟံဝန္တာမိ
မင်္ဂလာပါ ကျေးဇူးတင်ပါတယ်ဆရာမ
မြန်မာစာ သင်
အင်္ဂလိပ်စာ သင်
ဆယ့်နှစ်နာရီ    ထမင်းစားချိန် ဆယ့်နှစ်နာရီခွဲ  စာပြန်သင်
သင်္ချာ သင်  
အထွေထွေသိပံသင်  
တစ်ခါတလေ  စာရိတ္တ ၊တစ်ခါတစ်လေ  ဘ၀တွက်တာ
ဆရာမက အိမ်စာတွေအမှတ်ချစ်တယ်  အိမ်စာတွေပေးတယ်
အင်္ဂလိပ်စာ နဲ့သင်္ချာ အိမ်စာပေးတယ်
သုံးနာရီ
ကျောင်းဆင်းချိန်
အိမ်ပြန်တယ်

No comments:

Post a Comment