Thursday, August 2, 2012

ကဗျာ့အရေးကို မကာကွယ်လျှင် ကဗျာပျောက်ကွယ်သွားနိုင်သည်

ကဗျာ တွေကိုမီးရှို့နေပြီ
ကဗျာတွေထွက်ပြေးနေကြရပြီ
ကဗျာအင်အား၆%သာရှိ
ကဗျာတွေဆက်တိုက်မီးရှို့ခံနေကြရ
ကဗျာတွေရဲ့ သေဆုံး ပျက်စီးမှုနှုန်းဟာမြင့်တက်လာ
ကဗျာတွေကဗျာကရာ စွန့်ခွါနေကြရ
ကဗျာကိစ္စကို ကမ္ဘာက ပြောင်းပြန် အမှားတွေကြားသိနေကြ ကမ္ဘာကသေသေချာချာ
မသိပဲ ရမ်းသမ်း အပြစ်တင်နေကြ
ကဗျာကိုသိလျက် ဘ၀ရပ်တည်ရေးအတွက် ကဗျာပြင်ပ ကဗျာတွေက ကဗျာကိုငြင်းပယ်နေကြ
ကဗျာဘက်မှသမတကြီးက ရဲဝန့်ပြတ်သားစွာ ရပ်တည်လိုက်တဲ့အခါ
ကဗျာကိုသေသေချာချာအသိတဲ့ ကုလသမဂ္ဂ လူကြီးလဲရောက်လာ
ကဗျာရဲ့အခြေအနေကိုကဗျာက စောင့်ကြည့်ကာကွယ်နေရပါကြောင်း
ကဗျာ တိုင်းရင်းသားအပေါင်းတို့
                      (၁.၈.၂၀၁၂)



No comments:

Post a Comment