ွှအမှန်တရားဆိုတာ
ထားလိုက်ပါ များရင်နိုင်နေတဲ့ ဒီအခါမှာ
အသက်ဖြစ်ဖြစ်
ကဗျာဖြစ်ဖြစ် တစ်ခုခုတော့ပြန်ငယ်ချင်လိုက်တာ
နှစ်ခုလုံးမရနိုင်ဘူး
တစ်ခုမှလဲ ရမှာ မဟုတ်ပါဘူး
ရူးလို့ စိတ်ကူးယဉ်ကြည့်တာ
သိလျှက်လိုချင်မိတာပါ
ဒီလိုလေးဗျာ
ဒီလိုပါ ဒီလိုစီစဉ်ရတာ
တွေကို
ဒီလိုမကြိုက်ပါကြောင်း
နှင့်
ဘေးတိုက်
ကန့်လန့် ဘေးထိုင် ဘုပြော
ဆို
တော့
ဗျာ
ကျနော်သည်
မြန်နိုင်ငံသားစစ်စစ် နိုင်ငံသား မိဘ ဘိုးဘွား
စစ်စစ်တွေက
ဆင်းသက်လာကြောင်း
ကို
ယခုအချိန်ထိ လက်မှတ်တွေ
ရေးထိုးနေရသည်မှာ
အဘေး အဘီ အဘင်တွေ
ကို သက်သေပြုတော့လဲ
ကိုယ်အဆိုတင်သွင်းလိုက်တဲ့
အခါ ထောက်ခံသူ
ရာခိုင်နှုန်းက
ကိုယ့်ဘက်မှာ များနေမှ
ဆိုတော့
ဒီလို နေနေ ရ ပါကြောင်း
(သော်ဇင်အုန်း)
၂၅.၈.၂၀၁၂
ရန်ကုန် ၁၁း၀၀pm
No comments:
Post a Comment