Friday, September 14, 2012

ငယ်ငယ်တုန်းက သူငယ်ချင်းများ

(ငယ်ငယ်တုန်းက သူငယ်ချင်းများ) အတူဆော့ကစားကြ ယောက်ျား-မိန်းမ မရှိ ငါတို့ ထုတ်ဆီးတိုးကြတယ် တူတူ ပုန်းကြတယ် ဂေါ်လီ လှိမ့်ကြတယ် သားရေကွင်း ပစ်တယ် ဘောလုံး ကန်တယ် ရေကူးတယ် သစ်ပင်တက်တယ် တခါတခါ စစ်တိုက်တမ်းလဲ ကစားခဲ့ကြ ဒိုးထိုးတယ် ၊ ဖန်ခုန်တယ် …….. ………….. ……… “ဟေ့ ကလေးတွေ ။တော်တော်ဆိုးတဲ့ ကလေးတွေ “တဲ့ ငါတို့ကိုမုန်းတဲ့ လုကြီးရဲ့အိမ်ရှေ့ ဇောင်းခါးသီးပင်တွေတန်းစီလို့ ခူးမစားဘဲ ငါတို့ ဒုတ်နဲ့ရိုက်ချ သူ့အိမ်ရှေ့ရေမြောင်းထဲ ဇောင်းခါးသီးစိမ်းစိမ်းလေတွေမျောလို့ အဲဒီလူကြီး စိတ်ဆိုး ငါတို့ ရယ်မောပျော်ရွှင် ခဲ့ကြ။ ငါ့ရဲ့အိမ်ဟာ မင်းတို့အိမ်ပဲ မင်းတို့အိမ်ဟာလဲ ငါ့အိမ်ပဲ ငါ့အိမ်က ထမင်းဝိုင်းဟာ မင်းတို့ထမင်းဝိုင်းဖြစ်သလို မင်းတို့အိမ်က ထမင်းဝိုင်းဟာလဲ ငါ့ရဲ့ထမင်းဝိုင်းပဲ၊ နေပူပူ မိုးရွာရွာ နှင်းကျကျ နေ့တွေ လရောင်အောက်က ညတွေ လရောင်ကင်းမဲ့ ညတွေ ငါတို့တတွေ ပျော်ကြ ပြေးတမ်း လိုက်တမ်း ကစား မောပန်းခြင်းများ မရှိခဲ့။ ငါတို့ရဲ့ ကစားကွင်းထဲမှာ အသပြာမရှိ ၊ ဂုဏ်ပကာသန မရှိ အာဃာတ ၊အမုန်း ၊မနာလိုခြင်း မရှိ ပျော်ရွှင်ခြင်းများသာရှိခဲ့သော ငါတို့ရဲ့ ငယ်ဘ၀ အလွမ်းများစွာဖြင့်…………….. (သော် ဇင် အုန်း)

No comments:

Post a Comment