Wednesday, January 6, 2016

ကဗျာက ထထ အော်တယ်

ေ တာင်လဲပြိုခဲ့ ကမ်းလဲပြိုခဲ့ ရာသီပေါ်သီးနှံတွေလဲရောင်းကောင်းလို့ ဓါတုဗေဒဆေးဝါးမပါတဲ့ သဘာဝစစ်စစ်တွေဖြစ်ရဲ့လား ကိုယ့်ထမင်းကိုယ်စားတို့ရဲ့ပီတိ ပကတိအမှန်တရားမှာ ငါတို့နိုင်ငံတော်အသစ်ဖြစ်ပြီလား ငါတို့နိုင်ငံတော်အသစ်ရပြီလား ငါတို့ရဲ့ကျဆုံးလေပြီးသောနိုင်ငံတော်က်ု ငါတို့ပြန်လည်ထူထောင်နိုင်ပြီလား ငါတို့ဟာမေးခွန်းများစွာကို ရင်ဆိုင်ကြရမယ် အနေအထားကတော့ သိပ်မလှဘူးငါတို့ ညီညွတ်ကြရမယ် ကြားလားကြားလား ကြားရင်အကြောင်းပြန် ဒါမွန့်ခ်ျအော်သံမဟုတ်ဘူး မြန်မာကဗျာဆရာအော်နေတာ
(သော်ဇင်အုန်း)
16.11.2015

No comments:

Post a Comment