လယ်တောထဲက
ကောက်စိုက်ပြီးပြန်လာတဲ့ လယ်သူမလေးကလဲ
ကိုရီးယားကား ကြည့်တယ်
ကုမ္ပဏီက ဖယ်ရီလာပို့တဲ့အချိန်မှ
အိမ်ပြန်ရောက်တဲ့ အလုပ်သမလေးကလဲ
ကိုရီးယားကားကြည့်တယ်
တရားဘာဝနာနဲ့သွားနေတဲ့ အဘွားအိုကလဲ
သူ့အချိန်ကျရင်
ကိုရီးယားကားကြည့်တယ်
လွှတ်တော်ဥက္ကဌကလဲ
ကိုရီးယားကိုနမူနာယူတဲ့
ကျနော်ပြောရင်လဲ
ပြောတဲ့သူက လွန်ရာကျမယ်
ကျနော့်မိန်းမကလဲ
ညတိုင်း
ကိုရီးယားဇတ်လမ်းတွဲ ကြည့်တယ်
အင်း မြောက် ကိုရီးယားကို မေ့နေကြလေသလား ...
ReplyDelete