Friday, June 6, 2014

ငါတို့ဟာ အဲ့သလို နေခဲ့ကြရတယ်

ငါတို့ဟာ အဲ့သလို နေခဲ့ကြရတယ်

June 1, 2013 at 8:42pm
မုန့်ဘိုး ဆယ့်ငါးပြား တစ်မတ်နဲ့ ငါးမူးနဲ့
ကျပ်ပြည့်အောင်ဘယ်တော့မှ မသုံးဘူး
ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့
ကျောက်တံ ခဲတံတွေကို အိတ်ရှုံ့လေးထဲထည့်ပြီး
လည်ပင်းမှာ ချိတ်ဆွဲလို့
မော်ကွန်းရုပ်ရှင်ပိတ်ကားကို ငေးမောလို့
ဗိုဗကိုရဲ့ သရက်ဌာနချုပ်အသံ
ဦးသာဆန်းရဲ့ ဘောလုံးပွဲအသံ
ဦးဇော်ဝင်းရဲ့ အသံလွှင့်ဇာတ်တွေနဲ့
ဒူးယားသောက်ချင်သောက်
ခပေါင်းအစီခံမပါတာသောက်ချင်သောက်
BE ကိုတန်းစီ သောက်ချင်သောက်
စိန်မဟာသဘင် ကြည့်မလား
မိုးဝင်းလား  ရွှေနန်းတင်သား နန်းဝင်းလား
ချမ်းသာလား  မန္တလေးသိန်းဇော်လား
ဘဲလေးစိမ်းလား  ပန်တျာကြည်လင်လား
ဂျိုးဖြူလား   ချစ်ဖွယ်လား
ဆိုဗီယက်ပြန်ဦးမောင်မောင်လား
ရွှေမန်းသန်းနိုင်လား
မီးကွင်းပစ်တဲ့ကြားမှာလဲရင်တထိတ်ထတ်
သမ၀ါယမတွေ  တောင်သူလယ်သမားအစည်းအရုံးတွေ
ဆိုက္ကားဆရာတွေလဲ  တရားသူကြီးဖြစ်
စက်ရုံအင်ဂျင်နီယာ  အထက်မှာ စစ်ဗိုလ်က စက်ရုံမှုး  ဖြစ်လို့
                                                       (သော်ဇင်အုန်း)
                                                            ၁.၆.၁၃

No comments:

Post a Comment