Friday, June 6, 2014

လက်ပံတောင်းဟာ တောင်လား

လက်ပံတောင်းဟာ တောင်လား

February 21, 2013 at 7:51pm
ဒီနေ့ တော်ဝင်နှင်းဆီမှာ ကဗျာရွတ်တယ်
   လက်ပံတောင်းဟာ
     တောင်လား
လက်ပံတောင်းဟာ
မုံရွာထောင်ထဲ ကို ရောက်သွားတယ်
လက်ပံတောင်းဟာ
နိုင်ငံခြားမှာ ဆေးသွားကုခွင့်ရခဲ့တယ်
လက်ပံတောင်းဟာ
ခုထိ စုံစမ်းလို့ကို မပြီးသေးတဲ့
ကော်မရှင်တစ်ခုရထားတယ်
လက်ပံတောင်းဟာ
ဘယ်သူ့ကိုမှ မမုန်းဘူး
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်နိုင်ငံကို
လက်ပံတောင်းဟာ
ချစ်တာ
လက်ပံတောင်းဟာ
သယံဇာတကျိန်စာလား
တကယ်တော့
သယံဇာတ ကိုလိမ်ညာနေလို့ပါ
သယံဇာတဟာ လိမ်ညာခြင်း ခံထားရတဲ့ အရာ……..
(သော်ဇင်အုန်း)

No comments:

Post a Comment