ထ/၂၀၀၈
အက်ဆေးဖတ်ချင်တယ်ဆိုလို့
ဒီလထုတ်လေးတင်ပေးလိုက်ပါတယ်
ထ/၂ဝဝ၈
သော်ဇင်အုန်း
သူတို့လင်မယားနှစ်ယောက်နဲ့
သားလေးဟာ ကျွန်တော့်ကို နှမြောတသစွာကြည့်ရင်း ကျန်နေခဲ့ပါတယ်။
ကျွန်တော်နဲ့ ဓာတ်ပုံတွဲ ရိုက်။ ကျွန်တော့်အပေါ်မှာ ဆော့ကစား။ အတူနေခဲ့တဲ့
ကျွန်တော့်ကို ချစ်တဲ့ကောင်းလေးကတော့ လက်ကလေးပြလို့ ...
အနှစ်နှစ်ဆယ်ကျော်ပြီဆိုတော့
ဂျပန်ကို ကျွန်တော်မေ့တေ့တေ့။ ပြန်အစဖော်ကြည့်တော့ သင်္ဘောပေါ်ကနေ
ရန်ကုန်ဆိပ်ကမ်း ခြေချခဲ့တာလည်း ခပ်ရေးရေး။ ပထမဆုံးရောက်ခဲ့တာက
ရန်ကုန်မြို့တစ်နေရာက ဘော်ဒီရုံပေါ့။ သင်္ဘောပေါ်က တင်တာ၊ ချတာမှာ
နည်းနည်းပါးပါး ထိခိုက်မိတော့ ကျွန်တော့်ကို ပတ်တီးနည်းနည်းရိုက်ပြီး
ဆေးပြန်မှုတ်ကြတာပါ။
''ဒါ ကျုပ်ကိုယ်တိုင်သွင်းလာတာလေ။sunny က စီရာရင်အရမ်းပေါ့တယ်။ မောင်းလို့ကောင်းတယ်ဗျ''
ပထမဆုံးပိုင်ရှင် သင်္ဘောကပ္ပတိန်က ဂုဏ်ယူဝံြ့
မှောင်မဲမဲဂိုဒေါင်ထဲကို အလင်းရောင်အကြည့်ဝင်လာတော့ မျက်စိတွေကျိန်းစပ်သွားတယ်။
''မနေ့က အစ်ကိုဖုန်းဆက်လို့လာတာ။ ဒီတစ်ခေါက်ပြန်လာရင် ကားချိန်းမှာမိှု့ကညညပ ကို ထုတ်ခိုင်းလို့ လာကြည့်တာ''
ကားပွဲစားတစ်ယောက်ရဲ့ စကားသံနဲ့အတူ ပိုင်ရှင်မိန်းမကိုပါ တွေ့လိုက်ရတယ်။
''အစ်မကတော့
ဘာမှမသိဘူး။ မင်းအစ်ကိုပြောခဲ့တဲ့အတိုင်းပေါ့။ ကားကတော့ မြင်တဲ့အတိုင်း
မင်းအစ်ကို သင်္ဘောတက် သွားကတည်းက ဒီအတိုင်း ဂိုဒေါင်ထဲမှာထားတာ''
သိလိုက်ပြီ။
ကျွန်တော့်ကိုရောင်းကြတော့မယ်။ မသွားချင်ဘူး။ မသွားချင်ဘူး။
ဒီမှာပဲနေပါရစေ။ ကျွန်တော့်အသံကို ဘယ်သူမှ မကြားကြဘူးဗျာ ...။
နောက်ပိုင်ရှင်ကတော့
ခိုင်းသလားမမေးနဲ့။ သူ့လက်ထဲမှာ ဘော်ဒီရုံနှစ်ခါရောက်တယ်။
ကျွန်တော့်ခန္ဓာကိုယ်အနှံ့လည်း ခွဲစိတ်ရာတွေချည်း။ ဂျပန်ကပါလာတဲ့
ကျွန်တော့်ကိုယ်ပိုင်ချက်စီ နံပါတ်လေးတောင်မှRTA အထုထံလိုက်ရပြီ။
ခိုင်းလို့ဝတော့
ကျွန်တော့်ကိုရောင်းပြန်ပါတယ်။ ဒီတစ်ခါတော့ တော်တော်သက်သာပါတယ်။
ပိုင်ရှင်က ၇ ရက်တစ်ခါ ဆီသွားထုတ်ပြီး ပြန်ရောင်းတဲ့အလုပ်ပဲလုပ်တယ်။
အရင်ပိုင်ရှင်လက်ထဲမှာ မနားတမ်းသွားနေရတဲ့ ကျွန်တော်ဟာ ခုတော့ ဇိမ်ကို
ကျလို့။
''တစ်ခါတည်း စရံချလိုက်၊ နောက်နေ့မှ ငွေချေပေါ့။ တော်ကြာ သူများဦးသွားမယ်''
ပွဲစားနှစ်ယောက်နဲ့
လင်မယားနှစ်ယောက် ကျွန်တော့်ကို လိုက်ကြည့်နေတာ။ လူလတ်ပိုင်း
လင်မယားကတော့ စိတ်ခိုင်မာပုံ ရတယ်။ တခြားလူတွေလိုမဟုတ်ဘူး။ ကြည့်တယ်၊
စဉ်းစားနေတယ်။ လင်မယားနှစ်ယောက် ခဏတိုင်ပင်တယ်။ နောက် တစ်ထိုင်တည်းပဲ
ဝယ်လိုက်ကြတယ်။
ဒီလိုနဲ့ ကျွန်တော့်ရဲ့ နောက်ဆုံးပိုင်ရှင်ဆီကို
ရောက်ခဲ့တယ်။ အဲဒီမှာ ပျော်စရာအကောင်းဆုံး ဘဝကိုရရှိခဲ့ပါတယ်။ မနက်
မိုးလင်းရင် ပိုင်ရှင်နဲ့ သူ့သားလေးက ကျွန်တော့်ကို အမြဲရေချိုးပေး။
သန့်ရှင်းရေးလုပ်၊ အရမ်းဂရုစိုက်ကြတယ်။ ကျွန်တော့်ဘဝ ရဲ့
အပျော်ဆုံးအချိန်ကတော့ ပိုင်ရှင်ရဲ့ သားကလေးနဲ့
ကျွန်တော်ဆော့ကစားရတဲ့အချိန်လေးတွေပါပဲ။ ကလေးတစ်ယောက်ရဲ့ ဖြူစင်
လွတ်လပ်တဲ့ပျော်ရွှင်မှု၊ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးအချိန်မှာ
ထာဝရမေ့မရတော့တဲ့ လူသားစစ်စစ်ရဲ့ အနမ်းတွေရရှိခဲ့တာ သေ ပျော်ပါပြီ။
''ငါတို့က ပါမစ်ရလည်း သွင်းမှမသွင်းနိုင်တာ။ ရောင်းပြီးတော့မှ တခြားဟာစဉ်းစားကြတာပေါ့ကွာ''
ပိုင်ရှင်က
သူ့ဇနီးကို စကားတွေတတွတ်တွတ်ပြောလို့ ...။ မျက်လုံးလေးကလယ်ကလယ်နဲ့
သားငယ်လေးက ထိုင်ငေးလို့။ ဖြစ်ပြီးရင် ပျက်ရတာပါပဲလေ။ ဘာပဲဖြစ်ဖြစ်
ကျေနပ်ပါတယ်။ ဂျပန်ကထွက်လာပြီးကတည်းက ပိုင်ရှင်အမျိုးမျိုးပြောင်းလာတဲ့
ကျွန်တော်ဟာ နောက်ဆုံးအချိန်မှာ အကြင်နာ၊ မေတ္တာအပြည့် မိသားစုဆီမှာ
နေခဲ့ရလို့ပါပဲ။
ဒီတစ်ခါတော့ နောက်ပိုင်ရှင်လက်ထဲမှာလဲ
နေစရာမရှိတော့ပါဘူး။ ကျွန်တော့်ဘဝက အရည်ကြိုအဖြစ် ဇာတ်သိမ်းရတော့မှာ ပါ။
ဝယ်ရောင်းသံသရာကြီးထဲက ကျွန်တော်ထာဝရထွက်ခွာသွားခဲ့ပြီပေါ့။
အားလုံးပြီးဆုံးသွားခဲ့ပြီလေ။
အခုချိန်ဆို ဂျပန်မှာ ချယ်ရီတွေပွင့်နေလောက်ပြီပေါ့ ...။