Friday, October 2, 2015

ရုပ်ရှင်နိုင်ငံတော်

ရုပ်ရှင်နိုင်ငံတော်
အမြဲတမ်း 
 ထမင်းဆီဆမ်းတောင်
 ဝဝလင်လင်မစားရဘဲ
 နိုင်ငံခြားဇာတ်လမ်းတွေကို
 တစ်ညမပြတ်ကြည့်နေကြ
 မနက်နှစ်လုံး ညနှစ်လုံး နဲ
့ ဘာတစ်လုံးကောင်းသတုံး
 လောင်းကစားတွေပျော်ရွှင်
 ရပ်ကွက်ထဲမှာ 
 အရက်ဟာ
 မိတ်ဆွေသူငယ်ချင်းသွေးသောက်ညီအကို 
 ဒါနဲ့ပဲ ဖောပြီးရှောသွားကြ 
 ဘောလုံးကလဲ 
ကမ္ဘာမှာငါတို့လောက်သိတာမရှိဘူး
 ညညနေ့နေ့အိပ်ရေးပျက်ကြ
 အာဏာရှင်ကတော့
 ခုထိမသေသေးဘူး 
 အနာဂတ်တွေကတော့ 
တစ်ယောက်ပြီးတစ်ယောက် 
 ပျောက်သွားကြတယ်
သော်ဇင်အုန့်း 

No comments:

Post a Comment