Friday, December 9, 2011
ဒီဇင်ဘာ
နှစ်သစ်ကူးအခါသမယ
happy newyearအော်ဟစ်ကြ
ကြာတိုင်းမေ့ရရင် သမိုင်းဆိုတာရှိပါ့မလား
မြင်းစီးပုလိပ်တွေ တုတ်နဲ့ဝိုင်းရိုက်လို့
ကျောင်းသားခေါင်းဆောင်တစ်ယောက်ကျဆုံးခဲ့ရတယ်
ဒီလရဲ့ ၂၀ရက်နေ့မှာ
အင်္ဂလိပ်နယ်ချဲ့ လက်ချက်နဲ့
ခင်ဗျားတို့ လျှောက်နေတဲ့ ဗိုအောင်ကျော် လမ်းပေါ်မှာ.........
(၁၀.၁၂.၂၀၁၁”

Wednesday, December 7, 2011
လမ်း
ဗိုအောင်ကျော်လမ်း
ဗိုလ်တထောင်ဘုရားလမ်း ဆူးလေဘုရားလမ်း
ရွှေတိဂုံဘုရားလမ်း
အနော်ရထာလမ်း မဟာဗန္ဓုလလမ်း ဘုရင့်နောင်လမ်း ကျန်စစ်သားလမ်း
ဦးအောင်ဇေယျလမ်း ဗိုလ်မြတ်ထွန်းလမ်း
ဦးဝိစာရလမ်း
ဗိုဥတ္တမလမ်း ဗိုလ်ချိုလမ်း
ဆရာစံလမ်း
သထုံလမ်း အင်းလျားလမ်း တက္ကသိုလ်ရိပ်သာလမ်း
အဓိပတိလမ်း
ရွှေဂုံတိုင်လမ်း အုတ်လမ်း နတ်မောက်လမ်း
အာဇာနည်လမ်း
ကနောင်မင်းသားကြီးလမ်း
ဗိုလ်ချိန်လမ်း ဗိုလ်မင်းရောင်လမ်း ဗိုလ်ပျိုလမ်း
သခင်ခင်ဇော်လမ်း သခင်ဗဟိန်းလမ်း သခင်ဖိုးလှကြီးလမ်း
ပီမိုးနင်းလမ်း မဟာဆွေလမ်း
ဇော်ဂျီလမ်း မင်းသုဝဏ်လမ်း
ထိပ်တင်မှတ်လမ်း စပ်စံထွန်းလမ်း
ပြည်ထောင်စုလမ်း ပင်လုံလမ်း
ဦးချစ်မောင်လမ်း
ဦးဖိုးကျားလမ်း
ဗိုလ်မှုးဗထူးလမ်း
ကျော်သူလမ်း သူရလမ်း
ကြေးသွန်းဘုရားလမ်း ရေတာရှည်လမ်း ကျိုက္ကဆံလမ်း
မိုးကောင်းလမ်း န၀ဒေးလမ်း ရှင်စောပုလမ်း
ကမ္ဘာအေးဘုရားလမ်း
ပြည်လမ်း အလုံလမ်း ရှမ်းလမ်း
အမှတ်(၁)လမ်း အမှတ်(၂)လမ်း အမှတ်(၃)လမ်း အမှတ်(၄)လမ်း
ဗိုလ်ချုပ်အောင်ဆန်းလမ်း......
(၀န်ခံချက်)
သမိုင်းစာမျက်နှာများသည် လမ်း၏အမည်များနှင့်လည်းဆက်နွယ်နေပါသည်
နောင်တချိန် လမ်းနာမည်သစ်များ ရေးထိုးသောအခါ နာမည်အသစ်ရသော
လမ်း၏ အမည်နာမများသည် သမိုင်း၏အမည်နာမဖြစ်မည်ကိုယုံကြည်ပါသည်

Monday, December 5, 2011
လူငယ်တစ်ယောက်ရဲ့မိခင်
ပြန်မလာသေးပါလား
ညဥ့်နက် လှပြီ
အိပ်လို့လဲမရပါဘူး
ဒီလိုနဲ့တစ်မိုးသောက်တော့မယ်
(၁၉၉၅)
ရေကြည်
ညဥ့်နက် လှပြီ
အိပ်လို့လဲမရပါဘူး
ဒီလိုနဲ့တစ်မိုးသောက်တော့မယ်
(၁၉၉၅)
ရေကြည်
....................
.........လမ်းပေါ်မှာ ပန်းလေးတစ်ပွင့်တွေ့တယ်
ကောင်မလေးတစ်ယောက် ကျကျန်ခဲ့တာလား
ပန်းသည်မလေးတစ်ယောက် ကျကျန်ခဲ့တာလား
မနင်းရက်တာနဲ့ ကွေ့ရှောင်သွားလိုက်တယ်........
(၁၉၉၅)
ရေကြည်
ကောင်မလေးတစ်ယောက် ကျကျန်ခဲ့တာလား
ပန်းသည်မလေးတစ်ယောက် ကျကျန်ခဲ့တာလား
မနင်းရက်တာနဲ့ ကွေ့ရှောင်သွားလိုက်တယ်........
(၁၉၉၅)
ရေကြည်
သင်္ဘော
ကမ်းပေါ်မှာလည်း တချို့
သူ့အပေါ်မှာလည်း တချို့
တရွေ့ရွေ့ထွက်ခွါ လိုက်ပါ
နောက်ထပ် အကြိမ်များစွာ.....
(၁၉၉၅)
ရေကြည်
သူ့အပေါ်မှာလည်း တချို့
တရွေ့ရွေ့ထွက်ခွါ လိုက်ပါ
နောက်ထပ် အကြိမ်များစွာ.....
(၁၉၉၅)
ရေကြည်
Sunday, December 4, 2011
အနုပညာ
ဗင်ဂိုးရဲ့"နေကြာပန်း"ပန်းချီကား
ဒေါ်လာ"၅၄သန်း"တန်ကြေးရှိတာ
ဘာရက်အိုဘားမားရဲ့ ကျမ်းကျိန်ပွဲမှာ
အလက်ဇန္ဒား ကဗျာရွတ်ခဲ့တာ
"အနုပညာ"ကို မသိဘူးဆိုပြီး
အနုပညာရဲ့ အသီးအပွင့်တွေနဲ့
အသက်ရှင်နေကြ
ကိုခင်ဝမ်းကတော့ ပြောခဲ့တယ်
ပန်းကန်ဆေးခြင်းသည်လည်း
အနုပညာ တစ်ရပ်တဲ့ ဗျာ
(၆.၁.၂၀၁၀”
ဒေါ်လာ"၅၄သန်း"တန်ကြေးရှိတာ
ဘာရက်အိုဘားမားရဲ့ ကျမ်းကျိန်ပွဲမှာ
အလက်ဇန္ဒား ကဗျာရွတ်ခဲ့တာ
"အနုပညာ"ကို မသိဘူးဆိုပြီး
အနုပညာရဲ့ အသီးအပွင့်တွေနဲ့
အသက်ရှင်နေကြ
ကိုခင်ဝမ်းကတော့ ပြောခဲ့တယ်
ပန်းကန်ဆေးခြင်းသည်လည်း
အနုပညာ တစ်ရပ်တဲ့ ဗျာ
(၆.၁.၂၀၁၀”
အမေအို
ညဆိုတာ
အိပ်ပစ်လိုက်ရမှာလား
သားလေးတွေပြန်ငယ်သွားရင်ကောင်းမှာ
ပုံပြင်တွေ ပြောပြမယ်
ကစားစရာတွေ ၀ယ်ပေးမယ်
တစ်ယောက်တစ်လှည့် လာတိုင်လှည့်ကြပါဦး
ပြုံး လို့
ဒါ မင်းဖို့၊ဒါ မင်းဖို့၊ဒါ မင်းဖို့....
ချွေးခံအင်္ကျီအိပ်ကပ်ထဲက ထုတ်ပေးလိုက်မယ်
အားလုံး အတူတူ
(၂၅.၁၁ဝ၂၀၀၉)
အိပ်ပစ်လိုက်ရမှာလား
သားလေးတွေပြန်ငယ်သွားရင်ကောင်းမှာ
ပုံပြင်တွေ ပြောပြမယ်
ကစားစရာတွေ ၀ယ်ပေးမယ်
တစ်ယောက်တစ်လှည့် လာတိုင်လှည့်ကြပါဦး
ပြုံး လို့
ဒါ မင်းဖို့၊ဒါ မင်းဖို့၊ဒါ မင်းဖို့....
ချွေးခံအင်္ကျီအိပ်ကပ်ထဲက ထုတ်ပေးလိုက်မယ်
အားလုံး အတူတူ
(၂၅.၁၁ဝ၂၀၀၉)
ဆည်းလည်းလေး
ကြော်ငြာမင်းသားတွေနဲ့အပြိုင်
တီဗီရှေ့မှာ အားရပါးရကွေးနေအောင်ကလို့
မိုးလင်းကတည်းက
ပါဝါရိန်းဂျားဖြစ်လိုက်
ဘန်တန်းဖြစ်လိုက်
ကိုယ်ပျောက်ဘိုဘို ဖြစ်လိုက်
တစ်အိမ်လုံးလည်း ကစားစရာတွေချည်းပဲ
စက်ဘီးပေါ်မှာ အရုပ်ပေါင်းစုံတင်လို့
ဂျစ်ကားဘီးကို ပါဂျဲရိုးမှာတပ်
ရထားပေါ် မျောက်တွေ၊ ဆင်တွေ၊ကျားတွေ တင်မယ်
လေယာဉ်ပျံလည်း တောင်ပံတွေ မရှိတော့ဘူး
ပင့်ကူလူသားလည်း ခေါင်းပျောက်သွားပြီ
ဖိုးဝရုပ်လည်း ဗိုက်ပေါက်သွားပြီ
မီးလာပြီလား ဖေဖေ
ဂါးဖီးလည်း မကြည့်ချင်ဘူး
ကြောင်နဲ့ကြွက်လည်း မဟုတ်ဘူး
မရဘူးနော် မစ္စတာဘင်းန်ပဲကြည့်မယ်
မေမေက ပေါင်ကိုဆွဲဆိတ်တာ နာလိုက်တာ
လာ ပါ ဖေဖေ ရ
သားအရပ်ကို တိုင်းပေးပါဦး
(၂၉.၁၁.၂၀၀၉)

Friday, December 2, 2011
အချစ်မှာ ချစ်ရာတွေ အထပ်ထပ်နဲ့ ရပ်မနေတဲ့ဘ၀မှာ ချစ်တယ် ဆိုတာကြီးကို လေ
ဆယ်တန်းနှစ်တုန်းက ရည်းစားတစ်ယောက် စထားမိတာ
သူငယ်ချင်းပါ တစ်လမ်းထဲအတူတူနေကြတာ ၀တ္ထုတွေထဲကလို
တစ်ဆင့်တက်လိုက်တာ ရည်းစားဖြစ်သွားရော
ဝိုင်းပြော/ဆူ လိုက်ကြတာ ဘယ်သူတွေလဲဆိုတာ မပြောလဲသိမှာ
စာမေးပွဲဖြေခါနီးမှာ ပြတ်သွားရော
ဆယ်တန်းကို ဂုဏ်ထူးသုံးခုနဲ့အောင်တော့ အားလုံးကိုရယ်မောရင်း
ကျောင်းမှာ နောက်တစ်ယောက်ထပ်၇တယ် သူလဲသူငယ်ချင်းပဲ
ကျောင်းမှာ နောက်တစ်ယောက်ထပ်ရတယ်
ဘာဖြစ်လို့ ပြတ်သွားကြတာလဲ ဆို တော့ ဒီလိုပါပဲ
ဒီလိုနေရင်း ဒီလို့ပဲ ပြတ်သွားကြတာ ပျင်းတာ သည်းမခံနိုင်ဘူး
နောက်တစ်ယောက်ကတော့ အရူးအမူး အရမ်းချစ်လို့ ဖြတ်လိုက်တာ
မအံ့သြ နဲ့ အ၇မ်းချစ်လို့ အရမ်းချစ်လို့
ခု လား လွတ် လွတ်နေတယ် နောက်ဆုံးတစ်ယောက်လား
နား လိုက်တာ နည်းနည်းတော့ခံစားရတာပေါ့ တစ်ည နှစ်ည အိပ်မရတာလောက်ပါ
ဘီယာ နှစ်ခွက် သုံးခွက်လောက် သောက်ပြီး ကာရာအိုကေ သွားဆိုပစ်လိုက်တယ်
သူငယ်ချင်းတွေနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ၇ယ်ပစ်လိုက်တယ်
ဟုတ်တယ်လေ မိဘတောင်မှ လွတ်လပ်ခွင့်ပေးထားတာ ချစ်သူဖြစ်တာနဲ့
ဟိုမသွားရ ဒီဟာမလုပ် ဘာ ညာ ရှုပ်နေတာပဲ အဖြစ်သည်း ချုပ်ချယ်တာ
မုန်းတယ်
စာမေးပွဲ အောင်တယ်လေ အမ်အီး ဆက်တက်အုန်း မှာ......
၂.၁၂.၂၂

မှော်မသွင်းနိုင်တဲ့ကဗျာ
စိတ်တွေက ညနေခင်းဆီပဲ ယိုင်ယိုင်သွားတယ်။
ကိုယ့်မှာ မလုံခြုံတော့တာနဲ့
မေမေ့ဆီမှာ
ရိုးသားခြင်းကို သွားအပ်ထားလိုက်ပြီ
“ ဟဲလို- ဖေဖေလား
ကျွန်တော် အရင်ဘ၀က သားကြီးပါ
အဲဒီမှာ ဖေဖေရောက်တာ ကိုးနှစ်ရှိပြီနော်
အဆင်ပြေပါရဲ့လား”
သံသရာရထားပေါ်မှာတော့
အမေနဲ့ညီငယ်နှစ်ယောက်ကတစ်တွဲ
ကျွန်တော်တို့မိသားစုကတစ်တွဲ
တတိယမြောက်ညီလေးမိသားစုကတစ်တွဲ
တစ်ခရီးတည်းပေမယ့် ထိုင်ခုံတွေ ကွဲလို့…
(ကွယ်လွန်သွားပြီဖြစ်သော ဖေဖေ…သို့)
Monday, November 28, 2011
ကဗျာ
ဒုးလောက်တင်ထားတာတောင်မှ
ရင်လောက်မကျ
သိသိကြီးနဲ့ ကြိုက်ရဲ့သားနဲ့ပယ်
အယ်ဒီတာများ
လှောင်ချိုင့်ထဲမှာ
ပန်းတွေဝေ.......
ရင်လောက်မကျ
သိသိကြီးနဲ့ ကြိုက်ရဲ့သားနဲ့ပယ်
အယ်ဒီတာများ
လှောင်ချိုင့်ထဲမှာ
ပန်းတွေဝေ.......
Subscribe to:
Posts (Atom)