Tuesday, January 17, 2012

ဟသ`်ာတ

မိုးမှာ စိုးရိမ်ရေမှတ်နဲ့ ချွေးတစိုစို
နွေမှာ သောင်ပြင်ခုံးခုံး ဖုန်လုံးထကြွ
ဧရာဝတီရဲ့ လှိုင်းအကနဲ့
မြစ်က အပေါ်ရောက်လိုက်
မြို့ကအပေါ်ရောက်လိုက်
                (၂၁.၈.၂၀၀၉)

Friday, January 6, 2012

ဇန္န၀ါရီ

ကိုယ်မဖိတ်ခေါ်ပဲ သူ့ဘာသာသူရောက်လာတယ် အသစ်ဆိုတာ မနှစ်ကလဲ ဖြစ်ခဲ့တာ ဟိုး... နှစ်ပေါင်းများစွာကလဲ ဒီအတိုင်းပေါ့ အသက်တစ်နှစ်ကြီးသွားပြီ လို့ ပြောရင်ရသလို တချို့ကတော့ သေဖို့နီးပြီ ဆိုလား နှစ်သစ်မှာ နှစ်သစ်မှာ နှစ်သစ်မှာ အသံတွေလဲဆူညံ ပြန် လွမ်းတာ တွေ့ ကြုံ ဆုံ ကွဲ တွေ နေ ရာ ဒေသ စား ၀တ် နေရေး သွေးချင်းညီအကို မိသားစု စစ်ပွဲ လမ်းကြားထဲ လိုင်းကြားထဲ ဟိုအထဲ ဒီအထဲ ပြု ပြင် ဆဲ ပြန်လည်လျှော်ဖွပ်အသုံးပြုမှုတွေ လူမှုဟာရေးလို့ ရသလား လူမှုရေးလား စီးပွါးရေးလား အိမ်ထောင်ရေးလား နိုင်ငံရေးလား နှစ်ပေါင်းများစွာ သူ့ဘာသာသူရောက်လာတယ် ၇.၁.၂၀၁၂

ပန်းတိုင်

မည်သူ့ကိုမျှ ထိပါးကျော်ဖြတ် ခြေဖြင့်ခတ်ရ်ျ လွတ်မြောက်ပန်းတိုင်မရောက်လို (ဗန်းမော်ညိုနွဲ့)

Thursday, December 29, 2011

လွတ်လပ်ရေး

အသက်သွေးပေါင်းများစွာနဲ့
ပေးဆပ်ရယူခဲ့ရတာ
စာနဲ့ရေးပြသလောက်မလွယ်ဘူး
၂၉.၁၂.၂၀၁၁