Thursday, September 6, 2012
ကျနော်
ကိုယ်မှန်တယ်ထင်တဲ့အရာထဲ
ဘ၀ကိုအတင်းထိုးသိပ်ထည့်ရင်း
လေညှင်းလေးတောင်မှ လွတ်လွတ်လပ်လပ်ရှုခွင့်မရခဲ့ပါ
Saturday, September 1, 2012
လူဆိုတာ မွေးကတည်းကေ၇ချိုး ပေးရတဲ့ သတ္တ၀ါ
လူဆိုတာ မွေးကတည်းက ရေချိုးပေးရတဲ့ သတ္တ၀ါ
အမေ က မီးလုံးတွေသာ မြင်နေရတယ် လှည်းပေါ်မှာ ပက်လက်ကြီး လိုက်သွားနေရတာ
ခွဲစိတ်ခန်းထဲကို သားအဖေလိုက်လို့မရဘူး တံခါးကြီး ဂျိမ်း က နဲ ပိတ်လိုက်တော့
အမေ့ ရင်ထဲ ထိတ်သွားတာ အားငယ်သလိုလို
ကြောက်သလိုလို မီးလုံးတွေက အမေ့မျက်နှာ
တည့်တည့်မှာ အဖြူရောင်တွေပဲမြင်နေရတာ
စိတ်အေးအေးထား စိတ်အေးအေးထားနော်
ဘာမှမဖြစ်ဘူး စိတ်ကိုလျှော့ထား ဘာမှမပူနဲ့
စကားသံတွေကြားထဲမှာ အမေ့ ခါးဆစ်
စစ်ကနဲ ကျင် သွားတာ သိသလိုလို မသိသလိုလို
အမေ့မျက်နှာရှေ့ အစိမ်းရောင်ပိတ်စကြီး
ကျလာတယ် စကားသံတွေတော့ကြားနေရတယ် ဗျိကနဲ
ဇွပ်ကနဲ ဓါးနဲ့ခွဲနေသလိုလို
တကယ်လိုလို အိပ်မက်လိုလို အမေ အသံတွေကြားနေ၇တယ်
အသံတွေကြားနေရတယ်
ရပြီ ပုတ်လိုက် ပုတ်လိုက်
အုဝဲ အုဝဲ အုဝဲ အုဝဲ အုဝဲ အုဝဲ အုဝဲ
အုဝဲ အုဝဲ
ကလေးက အသံအောင်လိုက်တာ သန့်ရှင်းရေးလုပ်ပြီးအပြင်ထုတ်လိုက်တော့
မြန်မြန်လုပ် သွက်သွက်လေး ကလေးအဖေကိုသွားပြလိုက်တော့
ငါတို့ပြန်ချုပ်ရအုန်းမှာ
ဒီနေ့ မွေးတဲ့ ကလေးဟာ အဓီပတိဖွားနော်
(သော်ဇင်အုန်း)
၂၆.၈.၂၀၁၂
၁၂း၃၀ pm
အမှန်တရားဆိုတာ ထားလိုက်ပါ များရင်နိုင်နေတဲ့ ဒီအခါမှာ
ွှအမှန်တရားဆိုတာ
ထားလိုက်ပါ များရင်နိုင်နေတဲ့ ဒီအခါမှာ
အသက်ဖြစ်ဖြစ်
ကဗျာဖြစ်ဖြစ် တစ်ခုခုတော့ပြန်ငယ်ချင်လိုက်တာ
နှစ်ခုလုံးမရနိုင်ဘူး
တစ်ခုမှလဲ ရမှာ မဟုတ်ပါဘူး
ရူးလို့ စိတ်ကူးယဉ်ကြည့်တာ
သိလျှက်လိုချင်မိတာပါ
ဒီလိုလေးဗျာ
ဒီလိုပါ ဒီလိုစီစဉ်ရတာ
တွေကို
ဒီလိုမကြိုက်ပါကြောင်း
နှင့်
ဘေးတိုက်
ကန့်လန့် ဘေးထိုင် ဘုပြော
ဆို
တော့
ဗျာ
ကျနော်သည်
မြန်နိုင်ငံသားစစ်စစ် နိုင်ငံသား မိဘ ဘိုးဘွား
စစ်စစ်တွေက
ဆင်းသက်လာကြောင်း
ကို
ယခုအချိန်ထိ လက်မှတ်တွေ
ရေးထိုးနေရသည်မှာ
အဘေး အဘီ အဘင်တွေ
ကို သက်သေပြုတော့လဲ
ကိုယ်အဆိုတင်သွင်းလိုက်တဲ့
အခါ ထောက်ခံသူ
ရာခိုင်နှုန်းက
ကိုယ့်ဘက်မှာ များနေမှ
ဆိုတော့
ဒီလို နေနေ ရ ပါကြောင်း
(သော်ဇင်အုန်း)
၂၅.၈.၂၀၁၂
ရန်ကုန် ၁၁း၀၀pm
Monday, August 27, 2012
Sunday, August 12, 2012
Saturday, August 11, 2012
Thursday, August 2, 2012
ကဗျာ့အရေးကို မကာကွယ်လျှင် ကဗျာပျောက်ကွယ်သွားနိုင်သည်
ကဗျာ တွေကိုမီးရှို့နေပြီ
ကဗျာတွေထွက်ပြေးနေကြရပြီ
ကဗျာအင်အား၆%သာရှိ
ကဗျာတွေဆက်တိုက်မီးရှို့ခံနေကြရ
ကဗျာတွေရဲ့ သေဆုံး ပျက်စီးမှုနှုန်းဟာမြင့်တက်လာ
ကဗျာတွေကဗျာကရာ စွန့်ခွါနေကြရ
ကဗျာကိစ္စကို ကမ္ဘာက ပြောင်းပြန် အမှားတွေကြားသိနေကြ ကမ္ဘာကသေသေချာချာ
မသိပဲ ရမ်းသမ်း အပြစ်တင်နေကြ
ကဗျာကိုသိလျက် ဘ၀ရပ်တည်ရေးအတွက် ကဗျာပြင်ပ ကဗျာတွေက ကဗျာကိုငြင်းပယ်နေကြ
ကဗျာဘက်မှသမတကြီးက ရဲဝန့်ပြတ်သားစွာ ရပ်တည်လိုက်တဲ့အခါ
ကဗျာကိုသေသေချာချာအသိတဲ့ ကုလသမဂ္ဂ လူကြီးလဲရောက်လာ
ကဗျာရဲ့အခြေအနေကိုကဗျာက စောင့်ကြည့်ကာကွယ်နေရပါကြောင်း
ကဗျာ တိုင်းရင်းသားအပေါင်းတို့
(၁.၈.၂၀၁၂)
ကဗျာတွေထွက်ပြေးနေကြရပြီ
ကဗျာအင်အား၆%သာရှိ
ကဗျာတွေဆက်တိုက်မီးရှို့ခံနေကြရ
ကဗျာတွေရဲ့ သေဆုံး ပျက်စီးမှုနှုန်းဟာမြင့်တက်လာ
ကဗျာတွေကဗျာကရာ စွန့်ခွါနေကြရ
ကဗျာကိစ္စကို ကမ္ဘာက ပြောင်းပြန် အမှားတွေကြားသိနေကြ ကမ္ဘာကသေသေချာချာ
မသိပဲ ရမ်းသမ်း အပြစ်တင်နေကြ
ကဗျာကိုသိလျက် ဘ၀ရပ်တည်ရေးအတွက် ကဗျာပြင်ပ ကဗျာတွေက ကဗျာကိုငြင်းပယ်နေကြ
ကဗျာဘက်မှသမတကြီးက ရဲဝန့်ပြတ်သားစွာ ရပ်တည်လိုက်တဲ့အခါ
ကဗျာကိုသေသေချာချာအသိတဲ့ ကုလသမဂ္ဂ လူကြီးလဲရောက်လာ
ကဗျာရဲ့အခြေအနေကိုကဗျာက စောင့်ကြည့်ကာကွယ်နေရပါကြောင်း
ကဗျာ တိုင်းရင်းသားအပေါင်းတို့
(၁.၈.၂၀၁၂)
Wednesday, June 27, 2012
Friday, June 22, 2012
ပထမတန်းကျောင်းသားလေးနှင့်တွေ့ဆုံခြင်း
ပထမတန်း ကျောင်းသားလေးနှင့် တွေ့ဆုံခြင်း
နံနက်ကိုးနာရီခွဲ ကျောင်းတက်ချိန်
တစ်ခါတလေ တန်းစီ
လေးတန်း သုံးတန်း အပြင်မှာထွက်စီ
နှစ်တန်း တစ်တန်း သူငယ်တန်း
ကိုယ့်အတန်းထဲမှာကိုယ်စီ
နိုင်ငံတော်သီချင်းကိုဆို ၊နိုင်ငံတော်အလံကိုအလေးပြု
မြန်မာကျောင်းသားသီချင်းကိုဆို၊ ပညာရေးမျှော်မှန်းချက်တွေကိုဆို
ကျောင်းသားအရေးသုံးပါးကို ဆို၊တို့တာဝန်အရေးသုံးပါးကို ဆို
ကျောင်းသားကောင်းသီချင်းကို ဆို
ဘုရားရှစ်ခိုး တရားထိုင်
အားလုံးမတ်တပ်ရပ် ဆရာမကိုနှုတ်ဆက် မင်္ဂလာပါဆရာမ
ပဉ္စဂုဏံ အဟံဝန္တာမိ အာစရိယဂုဏံ အဟံဝန္တာမိ
မင်္ဂလာပါ ကျေးဇူးတင်ပါတယ်ဆရာမ
မြန်မာစာ သင်
အင်္ဂလိပ်စာ သင်
ဆယ့်နှစ်နာရီ ထမင်းစားချိန် ဆယ့်နှစ်နာရီခွဲ စာပြန်သင်
သင်္ချာ သင်
အထွေထွေသိပံသင်
တစ်ခါတလေ စာရိတ္တ ၊တစ်ခါတစ်လေ ဘ၀တွက်တာ
ဆရာမက အိမ်စာတွေအမှတ်ချစ်တယ် အိမ်စာတွေပေးတယ်
အင်္ဂလိပ်စာ နဲ့သင်္ချာ အိမ်စာပေးတယ်
သုံးနာရီ
ကျောင်းဆင်းချိန်
အိမ်ပြန်တယ်
နံနက်ကိုးနာရီခွဲ ကျောင်းတက်ချိန်
တစ်ခါတလေ တန်းစီ
လေးတန်း သုံးတန်း အပြင်မှာထွက်စီ
နှစ်တန်း တစ်တန်း သူငယ်တန်း
ကိုယ့်အတန်းထဲမှာကိုယ်စီ
နိုင်ငံတော်သီချင်းကိုဆို ၊နိုင်ငံတော်အလံကိုအလေးပြု
မြန်မာကျောင်းသားသီချင်းကိုဆို၊ ပညာရေးမျှော်မှန်းချက်တွေကိုဆို
ကျောင်းသားအရေးသုံးပါးကို ဆို၊တို့တာဝန်အရေးသုံးပါးကို ဆို
ကျောင်းသားကောင်းသီချင်းကို ဆို
ဘုရားရှစ်ခိုး တရားထိုင်
အားလုံးမတ်တပ်ရပ် ဆရာမကိုနှုတ်ဆက် မင်္ဂလာပါဆရာမ
ပဉ္စဂုဏံ အဟံဝန္တာမိ အာစရိယဂုဏံ အဟံဝန္တာမိ
မင်္ဂလာပါ ကျေးဇူးတင်ပါတယ်ဆရာမ
မြန်မာစာ သင်
အင်္ဂလိပ်စာ သင်
ဆယ့်နှစ်နာရီ ထမင်းစားချိန် ဆယ့်နှစ်နာရီခွဲ စာပြန်သင်
သင်္ချာ သင်
အထွေထွေသိပံသင်
တစ်ခါတလေ စာရိတ္တ ၊တစ်ခါတစ်လေ ဘ၀တွက်တာ
ဆရာမက အိမ်စာတွေအမှတ်ချစ်တယ် အိမ်စာတွေပေးတယ်
အင်္ဂလိပ်စာ နဲ့သင်္ချာ အိမ်စာပေးတယ်
သုံးနာရီ
ကျောင်းဆင်းချိန်
အိမ်ပြန်တယ်
စစ်
ဖြည့်စွက်ပြင်ဆင်စရာမလို
သူ့နဂိုမူလကတည်းကိုက ပြီးပြည့်စုံပြီးသား
( စစ်)
အသက်တစ်ချောင်းဆိုတာ ထမင်းစားရေသောက်သလို
ပျင်းလာရင် မုဒိန်းကျင့်လိုက်တာပေါ့
အားအားယားယားရှိ မိုင်းထောင်တယ် ဗုံးခွဲမယ်
စာသင်ဖို့မလိုပါဘူး အသက်ရှင်ဖို့အရေးကြီးတယ်
သူ့နဂိုမူလကတည်းကိုက ပြီးပြည့်စုံပြီးသား
( စစ်)
အသက်တစ်ချောင်းဆိုတာ ထမင်းစားရေသောက်သလို
ပျင်းလာရင် မုဒိန်းကျင့်လိုက်တာပေါ့
အားအားယားယားရှိ မိုင်းထောင်တယ် ဗုံးခွဲမယ်
စာသင်ဖို့မလိုပါဘူး အသက်ရှင်ဖို့အရေးကြီးတယ်
Monday, May 21, 2012
Wednesday, May 16, 2012
Tuesday, May 15, 2012
Thursday, May 10, 2012
Wednesday, April 25, 2012
Monday, April 9, 2012
Subscribe to:
Posts (Atom)













