ဆယ်တန်းနှစ်တုန်းက ရည်းစားတစ်ယောက် စထားမိတာ
သူငယ်ချင်းပါ တစ်လမ်းထဲအတူတူနေကြတာ ၀တ္ထုတွေထဲကလို
တစ်ဆင့်တက်လိုက်တာ ရည်းစားဖြစ်သွားရော
ဝိုင်းပြော/ဆူ လိုက်ကြတာ ဘယ်သူတွေလဲဆိုတာ မပြောလဲသိမှာ
စာမေးပွဲဖြေခါနီးမှာ ပြတ်သွားရော
ဆယ်တန်းကို ဂုဏ်ထူးသုံးခုနဲ့အောင်တော့ အားလုံးကိုရယ်မောရင်း
ကျောင်းမှာ နောက်တစ်ယောက်ထပ်၇တယ် သူလဲသူငယ်ချင်းပဲ
ကျောင်းမှာ နောက်တစ်ယောက်ထပ်ရတယ်
ဘာဖြစ်လို့ ပြတ်သွားကြတာလဲ ဆို တော့ ဒီလိုပါပဲ
ဒီလိုနေရင်း ဒီလို့ပဲ ပြတ်သွားကြတာ ပျင်းတာ သည်းမခံနိုင်ဘူး
နောက်တစ်ယောက်ကတော့ အရူးအမူး အရမ်းချစ်လို့ ဖြတ်လိုက်တာ
မအံ့သြ နဲ့ အ၇မ်းချစ်လို့ အရမ်းချစ်လို့
ခု လား လွတ် လွတ်နေတယ် နောက်ဆုံးတစ်ယောက်လား
နား လိုက်တာ နည်းနည်းတော့ခံစားရတာပေါ့ တစ်ည နှစ်ည အိပ်မရတာလောက်ပါ
ဘီယာ နှစ်ခွက် သုံးခွက်လောက် သောက်ပြီး ကာရာအိုကေ သွားဆိုပစ်လိုက်တယ်
သူငယ်ချင်းတွေနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ၇ယ်ပစ်လိုက်တယ်
ဟုတ်တယ်လေ မိဘတောင်မှ လွတ်လပ်ခွင့်ပေးထားတာ ချစ်သူဖြစ်တာနဲ့
ဟိုမသွားရ ဒီဟာမလုပ် ဘာ ညာ ရှုပ်နေတာပဲ အဖြစ်သည်း ချုပ်ချယ်တာ
မုန်းတယ်
စာမေးပွဲ အောင်တယ်လေ အမ်အီး ဆက်တက်အုန်း မှာ......
၂.၁၂.၂၂
Friday, December 2, 2011
မှော်မသွင်းနိုင်တဲ့ကဗျာ
စိတ်တွေက ညနေခင်းဆီပဲ ယိုင်ယိုင်သွားတယ်။
ကိုယ့်မှာ မလုံခြုံတော့တာနဲ့
မေမေ့ဆီမှာ
ရိုးသားခြင်းကို သွားအပ်ထားလိုက်ပြီ
“ ဟဲလို- ဖေဖေလား
ကျွန်တော် အရင်ဘ၀က သားကြီးပါ
အဲဒီမှာ ဖေဖေရောက်တာ ကိုးနှစ်ရှိပြီနော်
အဆင်ပြေပါရဲ့လား”
သံသရာရထားပေါ်မှာတော့
အမေနဲ့ညီငယ်နှစ်ယောက်ကတစ်တွဲ
ကျွန်တော်တို့မိသားစုကတစ်တွဲ
တတိယမြောက်ညီလေးမိသားစုကတစ်တွဲ
တစ်ခရီးတည်းပေမယ့် ထိုင်ခုံတွေ ကွဲလို့…
(ကွယ်လွန်သွားပြီဖြစ်သော ဖေဖေ…သို့)
Monday, November 28, 2011
ကဗျာ
ဒုးလောက်တင်ထားတာတောင်မှ
ရင်လောက်မကျ
သိသိကြီးနဲ့ ကြိုက်ရဲ့သားနဲ့ပယ်
အယ်ဒီတာများ
လှောင်ချိုင့်ထဲမှာ
ပန်းတွေဝေ.......
ရင်လောက်မကျ
သိသိကြီးနဲ့ ကြိုက်ရဲ့သားနဲ့ပယ်
အယ်ဒီတာများ
လှောင်ချိုင့်ထဲမှာ
ပန်းတွေဝေ.......
Friday, November 25, 2011
ဘယ်တော့မှ နေ့စဉ်မှတ်တမ်းမရေးတော့ဘူး..
ငယ်ငယ်က နေ့စဉ်မှတ်တမ်း ရေးခဲ့တဲ့အကျင့်ရှိတော့
စာမျက်နှာရဲ့ညာဘက်အပေါ်ထောင့်မှာ ရက်စွဲ ၂၁.၃.၁၁ ရေးမိ
လွန်ခဲ့တဲ့ ၂၃နှစ် ကျွန်တော့်ရဲ့ နေ့စဉ်မှတ်တမ်း စာအုပ်လေးကို ဖေဖေက
မရမက အတင်းတောင်းယူပြီး ကျွန်တော့်ရဲ့ရှေ့ မှာ မီးပုံရှို့ခဲ့တယ်...
မီးပုံထဲမှာ လောင်ကျွမ်းသွားတဲ့ ကျွန်တော်ရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်လေးကို
ကြည့်နေရင်း မျက်ရည်ကျခဲ့ရတယ်...
ဖေဖေက “သား မင်းမှာ အသိဥာဏ်တွေရှိနေတာပဲ
မှတ်ထား၊ မင့်ဦးနှောက်၊နှလုံးသားနဲ့
မှတ်ထား၊ မင်းအသက်ရှင်နေသရွေ့၊မှတ်ထား
အလွတ်ကျက်မှတ်ထား ၊ မှတ်ထား
ဘာကိုမှမရေးနဲ့ ၊မှတ်ထား“ လို့ပြောခဲ့ပါတယ်၊
ကမ္ဘာကျော်တဲ့ အင်းဖရန့် ရဲ့နေ့စဉ်မှတ်တမ်းကို အားကျခဲ့မိတယ်......
စက္ကန့် ၊မိနစ်၊နာရီ၊ရက်၊လ၊ သက္ကရာဇ်တွေကို စနစ်တကျပြုစုခဲ့ကြတာကိုလည်း
အားကျခဲ့မိတယ်
ဒါပေမဲ့ ၊ထားလိုက်တော့တယ်....
ဖေဖေပြောသလို
မှတ်ထားလိုက်တော့တယ်။
ရနံ့သစ်
၂၀၁၁ ၊ နိုဝင်ဘာ
Subscribe to:
Posts (Atom)