Thursday, August 2, 2012

ကဗျာ့အရေးကို မကာကွယ်လျှင် ကဗျာပျောက်ကွယ်သွားနိုင်သည်

ကဗျာ တွေကိုမီးရှို့နေပြီ
ကဗျာတွေထွက်ပြေးနေကြရပြီ
ကဗျာအင်အား၆%သာရှိ
ကဗျာတွေဆက်တိုက်မီးရှို့ခံနေကြရ
ကဗျာတွေရဲ့ သေဆုံး ပျက်စီးမှုနှုန်းဟာမြင့်တက်လာ
ကဗျာတွေကဗျာကရာ စွန့်ခွါနေကြရ
ကဗျာကိစ္စကို ကမ္ဘာက ပြောင်းပြန် အမှားတွေကြားသိနေကြ ကမ္ဘာကသေသေချာချာ
မသိပဲ ရမ်းသမ်း အပြစ်တင်နေကြ
ကဗျာကိုသိလျက် ဘ၀ရပ်တည်ရေးအတွက် ကဗျာပြင်ပ ကဗျာတွေက ကဗျာကိုငြင်းပယ်နေကြ
ကဗျာဘက်မှသမတကြီးက ရဲဝန့်ပြတ်သားစွာ ရပ်တည်လိုက်တဲ့အခါ
ကဗျာကိုသေသေချာချာအသိတဲ့ ကုလသမဂ္ဂ လူကြီးလဲရောက်လာ
ကဗျာရဲ့အခြေအနေကိုကဗျာက စောင့်ကြည့်ကာကွယ်နေရပါကြောင်း
ကဗျာ တိုင်းရင်းသားအပေါင်းတို့
                      (၁.၈.၂၀၁၂)



Friday, June 22, 2012

ပထမတန်းကျောင်းသားလေးနှင့်တွေ့ဆုံခြင်း

ပထမတန်း ကျောင်းသားလေးနှင့် တွေ့ဆုံခြင်း


နံနက်ကိုးနာရီခွဲ   ကျောင်းတက်ချိန်

တစ်ခါတလေ   တန်းစီ
လေးတန်း သုံးတန်း အပြင်မှာထွက်စီ
နှစ်တန်း တစ်တန်း သူငယ်တန်း
ကိုယ့်အတန်းထဲမှာကိုယ်စီ
နိုင်ငံတော်သီချင်းကိုဆို  ၊နိုင်ငံတော်အလံကိုအလေးပြု
မြန်မာကျောင်းသားသီချင်းကိုဆို၊ ပညာရေးမျှော်မှန်းချက်တွေကိုဆို
ကျောင်းသားအရေးသုံးပါးကို ဆို၊တို့တာဝန်အရေးသုံးပါးကို ဆို
ကျောင်းသားကောင်းသီချင်းကို ဆို
ဘုရားရှစ်ခိုး တရားထိုင်
အားလုံးမတ်တပ်ရပ်  ဆရာမကိုနှုတ်ဆက်  မင်္ဂလာပါဆရာမ
ပဉ္စဂုဏံ  အဟံဝန္တာမိ  အာစရိယဂုဏံ အဟံဝန္တာမိ
မင်္ဂလာပါ ကျေးဇူးတင်ပါတယ်ဆရာမ
မြန်မာစာ သင်
အင်္ဂလိပ်စာ သင်
ဆယ့်နှစ်နာရီ    ထမင်းစားချိန် ဆယ့်နှစ်နာရီခွဲ  စာပြန်သင်
သင်္ချာ သင်  
အထွေထွေသိပံသင်  
တစ်ခါတလေ  စာရိတ္တ ၊တစ်ခါတစ်လေ  ဘ၀တွက်တာ
ဆရာမက အိမ်စာတွေအမှတ်ချစ်တယ်  အိမ်စာတွေပေးတယ်
အင်္ဂလိပ်စာ နဲ့သင်္ချာ အိမ်စာပေးတယ်
သုံးနာရီ
ကျောင်းဆင်းချိန်
အိမ်ပြန်တယ်

စစ်

ဖြည့်စွက်ပြင်ဆင်စရာမလို
သူ့နဂိုမူလကတည်းကိုက ပြီးပြည့်စုံပြီးသား
                 ( စစ်)

အသက်တစ်ချောင်းဆိုတာ   ထမင်းစားရေသောက်သလို
ပျင်းလာရင်  မုဒိန်းကျင့်လိုက်တာပေါ့
အားအားယားယားရှိ မိုင်းထောင်တယ်  ဗုံးခွဲမယ်
စာသင်ဖို့မလိုပါဘူး   အသက်ရှင်ဖို့အရေးကြီးတယ်

ဟဲလို မစ္စတာတောက်တဲ့ ခင်ဗျားအဆင်ပြေရဲ့လား


၆၇


Tuesday, March 27, 2012

ဖြစ်သမျှ အမျှပါ /သာဓု သာဓု သာဓု

တစ်ယောက်က မုန့်ဟင်းခါး ဆို မုန့်ဟင်း ၀ိုင်းခါးလိုက်ကြ ဓာတ်ပုံလေးတွေ ဗွီနိုင်းတွေ ဒီဗီဒီ စီဒီတွေ မှတ်တမ်းတွေ လက်ဖက်ရည်ဖိုးသာသာ တဲ့ လိုင်းကားပေါ်မှာ ရောင်း နေ တာ တစ်ယောက်က အသုတ်စုံ ဆို အသုတ်ဝိုင်းစုံလိုက် ကြ စာအုပ်တွေတကိုင်ကိုင် တီရှပ်တွေဝတ်လို့ ပြက္ခဒိန်တွေလဲ ပါ ပွဲတွေမှာ ပြုံး ပျော် လက်ဆွဲနှုတ်ဆက် မိန့်ခွန်းစကား ပါးစပ်လှုပ် ၀ုန်းးးးးးးးးးး ကနဲ လက်ခုပ်သံ အားပေးမှုတွေနဲ့ တစ်ယောက်က ဇီးသီးဆို ဇီးကို ၀ိုင်းသီးလိုက် ကြ တစ်ယောက်က ပန်းသီးဆို ပန်းကိုဝိုင်းသီးလိုက် ကြ သာရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး နာရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး လူမှုရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အကျိုးဆောင်များးးးးးးး ဘွဲ့တံဆိပ်များးးးးး ချီြးှမှင့်ခံရ ဂုဏ်ယူဖွယ်ရာ ရေ မြေ လေ မင်း မီး ဘေးးးးးးများသို့ အလှုငွေများပေးအပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဖျပ် ဓာတ်ပုံရိုက်ရတာလွယ်လိုက်တာ ဟိုးးးးးးးးးရှေးးးးးးးးရှေးးးးးးရှေးးးးးးတုန်းက ဒေါက်ထောက်ထားရတဲ့ ကင်မရာ ၀တ်ရုံထဲခေါင်းဝင်လို့ရိုက်ရတဲ့ဓာတ်ပုံဆရာ အဖြူ အမဲ ဖလင်ကူးးးး ဆေးးးး အမှောင်ခန်းများးး လွမ်းစရာ ရှေးးးးရှေးးးးရှေးးးးးတုန်းက အတတ်ပညာရှင်သာကိုင်ခွင့်ရတဲ့ ကင်မရာ ခုများးးးးး လွယ်လိုက်တာ ခု ဖြစ် ခု သိ ခုဖြစ် ခုမြင် သင်လည်းးးး သတင်းကြည့်သူ သင်လည်းးးသတင်းထုတ်လွှင့်သူ သင်လည်းးးးးးး မီ ဒီ ယာ ကမ္ဘာကြီးကို ဖြန့် ဝေ သူ သင်လည်းးးး မှတ်တမ်းတင်သူ/သမိုင်းကိုရေးသူ တစ်ယောက်က မြေကွက်ဆို မြေကို ၀ိုင်းးးး ကွက်လိုက် ကြ စလစ် ပါမစ် ဂရမ်.... 20'x60' 40'x60' 60'x60' 60'x80' 80'x80' 80'x100' 100'x100' လမ်းမ ကျောကပ် ဒေါင့်ကွက် အတွင်း လမ်းဦးတိုက်... ပစ်ထားလိုက် အစာမကျွေးရဘူး သူ့ဘာသာသူတန်ဘိုးတက်လာ မှာ ၀ယ်ထားးး ရတုန်းယူထားးး မစဉ်းစားးးနဲ့ ပေကပ်ကပ်လုပ်မနေနဲ့ ခင်ဗျားရဲ့ တွေဝေမှုဆိုတာ လန်းးးသွားးးတဲ့အခါ နောင်တမရနဲ့ အကျိုးဆောင်တွေ အကြောင်ဆိုးတွေ ဘာမှမသိပဲ ငွေရင်းရင် ငွေရမှာဆို တဲ့ ငွေနဲ့ငွေကိုကိုင်ပြီး လှုပ်ရှားနေကြတာတွေ လမ်းမနဲ့နီးတယ် ဘူတာရုံနားမှာ ဆိုရင် နောင်ဆယ်နှစ်ကြာရင် ဦးစားပေးအဆင့် စသည်ဖြင့်..................................... တန်းစီကြနော် တန်းစီတဲ့ဇယားအတိုင်း ပေးမှာ အ၀ိုင်းပါတ်ယာဉ်ကိုဦးစားပေးပါ ကြားကိုဖြတ်ပြီးရွေးတဲ့အခါ ရွေးတဲ့ကြား ကို ခင် ဗျားးးးးး ဘယ်လိုေ၇ာက် လာ သ လဲ...... (သော်ဇင်အုန်း)

Sunday, March 25, 2012

2012 Poetry Ebook




၂၀၁၂ ကမ္ဘာ့ကဗျာနေ့တွင် ဖြန့်ဝေခဲ့သော ၂၀၁၂ ကဗျာစာအုပ်အား
E-Book အဖြစ်ဖတ်ရှုနိုင်ရန် ။