Thursday, October 25, 2012

ငါတို့ဆောက်ခဲ့တာတွေရေတွက်လို့မရနိုင်ဘူး

ဖြစ်ချင်တာတွေအသာထားလိုက် တော့ကွာ လာ ချ မယ် ဟေ့ကောင် ကိုယ်သောက်တာ ကိုယ်ရှင်းနော် ငါ လဲ မနက်ဈေးဘိုးနဲ့ လမ်းစရိတ်ချန်ပြီး အကုန်ဆွဲမှာနော် တင်းတယ် ဒီလောက်ပူနေတာ ငရဲပြည်တောင်ဒီလောက်မပူဘူး ရေ ဘူး ကြီး ၅ဘူးသောက်တာတောင် သေးမပေါက်ဘူး အလုပ်လုပ်တာမပင်ပန်းဘူး နေပူထဲ တက်လိုက် ဆင်းလိုက်နဲ့ မျက်လုံးထဲ ၀င်လာတဲ့ ချွေးတွေနဲ့နေရောင်ထိတော့ ငါ ဘာမှမမြင်ရတော့ဘူး ဟူး ပင်ပန်း ဆင်းရဲလိုက်တာ မင်းလူကြမ်းလုပ်သက်က ငါ့ထက်ကြီးတယ် …ပဲ ခုထိ လူကြမ်း ပဲ……. အေးပါ ငါလဲသံလက်ကိုင် ပန်းရံဆရာတဲ့ ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး လူကြမ်း ကတက်လာတဲ့ အောက်ခြေကစတဲ့ ပန်းရံဆရာ လေ ခု ညနေတော့ ချ ချ ချ ကွာ တဆိုင်လုံးသောက်ပစ်မယ်

Friday, October 19, 2012

ယားယံခြင်းကိစ္စများ

ယားယံခြင်းကိစ္စများ လူဆိုတာကလည်း ဘာလို့လူဖြစ်လာရတယ်လို့ကိုယ့်ကိုယ်ကို မသိကြဘဲ “လူ့ဘ၀”ကိုရောက်ခဲ့ ရရှိခဲ့ကြရတယ်လို့ ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်သက်သက်ကို ပြောရင် လက်ခံချင်လဲလက်ခံကြပေါ့။ လက်မခံချင်ရင်လည်း လက်မခံပိုင်ခွင့် ရှိကြပါတယ်။အို…လူသား…..တို့……ခင်ဗျား။။။။။။။။။။။။။။။။။။။။။။။ ဒီနေရာမှာ ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်သက်သက်ကိုသာ တင်ပြမှာဖြစ်လို့ မှားရင်လဲကျွန်တော် မှန်ရင်လဲကျွန်တော်………ပေါ့။ မှား/မှန်ခြင်းဆိုတာ ကျွန်တော့်အပေါ်မှာသာ တာဝန်ရှိပါတယ်လို့……..ဦးစွာပဏာမပြောလိုပါတယ်။ လူဆိုတော့ ဘာပဲဖြစ်ဖြစ် လူရဲ့အတ္တတော့ရှိမှာပေါ့။ အတ္တအရ ကိုယ်ပိုင်အခွင့်အရေးအရ၊မကြိုက်တာတွေ ကြိုက်တာတွေ ကိုလွတ်လပ်စွာ ပြောဆို၊ရေးသား နေချင်တာက ယခုခေတ်အခါ ခေတ်စားနေတဲ့ ဒီမိုကရေစီလို့ ပြောရင်ရမလားဗျာ- မြင်နေရတာ ကြားနေရတာ စက္ခု သောတ….. ကိုယ်နဲ့အကြိုက်မတွေ့တာတွေများလို့ပေါ့။ ကိုယ်ကပဲ ခေတ်နဲ့မလျှော်ညီလို့လား။နောက်မှာကျန်နေခဲ့လို့လား။ဒီ ခေတ်ကြီးကို ကြည်လင်တဲ့မျက်လုံးနဲ့ မကြည့်ဖြစ်ခဲ့လို့လား။နားးးးးးးးးကိုင်းကြီးကြီးမှာပြန်နားရမှာလားးးးးးးးးးးး “ဦးလေးရာ အိမ်ကိုသာပြန်သွားစမ်းပါ”တဲ့လား “သင်္ကြန်ဆိုတာ ဦးလေးတို့မသိပါဘူးဗျာ”တဲ့လား “ဒီလိုဝတ်တခေတ်မှီတာရှင့်”တဲ့လား “ကိုရီးယားကားတွေမကြည့်ဖူးဘူးထင်တယ်”တဲ့လား “ဟိုးးးးး၂၀ရာစုကို ပြန်သွားတော့နော်”တဲ့လား သူတို့ပြောတာမမှားပါဘူး၊မှားနေတာက ကျွန်တော်ပါ။ဒီခေတ်ကြီးနဲ့ အံဝင်ခွင်ကျမနေနိုင်တာကိုက ကျွန်တော့်အပြစ်ပါ မျက်စိကမြင်နေတာ နားကကြားနေတာ စိတ်ထဲကခံစားရတာ….. ဒေါသဖြစ်တော့လည်းကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့။ကိုယ့်ဘာသာအလိုမကျနေတာ ကိုယ့်ဒေါသကိုယ်ခံပေါ့။ ရပ်ကွက်ထဲ စာပေဟောပြောပွဲကို သွားပြီးနားထောင်ကြည့်တော့ ၊ဒါ စာပေဟောပြောပွဲလားးးးးးးးးးးးးးးး ကျွန်တော်တို့ငယ်ငယ်တုန်းက ဆရာမြသန်းတင့်တို့ဟောပြောခဲ့ကြတာ ဒီလိုမဟုတ်ပါဘူး။ကျွန်တော်ကြားတာ မှားများသွားလား ဆိုပြီး ကိုယ်တွေ့ကြုံရတဲ့ စာပေဟောပြောပွဲလေးတွေအကြောင်ြးောမိတော့………………… “ဟားးးးးးဟားးးးးးဟားးးးးး”ဦးလေးပြန်သွားပါဗျာ၊အဲဒီခေတ်ကြီးထဲမှာပြန်နေလိုက်တော့ ၊ဒီခေတ်မှာဒါတွေမရဘူးဗျ။ကြားလား လက်ခုပ်သံတွေ ၊မြင်ရလားးးးးးးဥာဏ်ပူဇော်ခတွေ…… နားပါဗျာ ဦးလေးရာ တဲ့။ ဒါအနုပညာမဟုတ်ဘူးကွ ၊မျက်နှာဖုံးတင်ရိုက်လည်း ဒီလိုမဖြစ်သင့်ဘူး ၊မြန်မာ့ယဉ်ကျေးမှုနဲ့ မလျှော်ညီဘူးနော်။ဖော်တာဟာ တဏှာဖြစ်နေတယ်။ရိုင်းတဲ့ဘက်ကိုသွားနေတယ်လို့ထင်တယ် ဟိုကွာ…..PLAY BOYမဂ္ဂဇင်းမှမဟုတ်တာ…လို့ ပြောမိတော့….. “ဦးလေးတို့ ကဗျာတွေကို ဘယ်သူကဖတ်လို့လဲ ၊ဒီလိုမဂ္ဂဇင်းတွေထဲမှာ ဦးလေးတို့ကဗျာတွေကို အဖြည့်ခံထည့်ပေးနေ၇တာ။ဒါ ကွာလ်တီခေတ်ဗျ။ကြော်ငြာခေတ်လေ။မဂ္ဂဇင်းအသက်ရှည်ဖို့…………. ကွာလ်တီလိုတယ်ဗျ” တဲ့ ဒီလိုကွာ….ကျေးလက်က ဆင်းရဲသားတောင်သူလယ်သမားတွေရဲ့ အကျိုးကို လိုလားတယ်ဆိုရင် ကျေးလက်နေ ပြည်သူတွေနဲ့ တစ်သားထဲနေရမှာ ပြည်သူ့ဆန္ဒကို နားထောင်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆီးပေးနိုင်အောင်ကြိုးစားရမှာ ပေါ့။ခုတော့ကွာ …..လို့ ယူဆချက်ကို ဆွေးနွေးမိတော့………… “ခေတ်နောက်ပြန်ဆွဲဦးလေးကြီး ဒီနေ့ခေတ်မှာ အခမ်းအနားအားလုံး ဟော်တယ်ပေါ်မှာကျင်းပနေတာ …..ဗွက်တွေ ၊ရွှံ့တွေ၊နွံတွေ၊ လမုတောတွေ၊စစ်ပြေးတွေ၊ဒုက္ခသည်တွေရဲ့ ကိစ္စကို ဒီလိုဟော်တယ်ကြီးတွေ ပေါ်မှာခမ်းခမ်းနားနားကျင်းပပြီး ပြောမှ မီဒီဟာက ဖြန့်လို့ ကမ္ဘာကသိကြမှာလေ။ဂလိုဘယ်….လေ……. ဦးလေးရဲ့…” တဲ့။ လူဆိုတော့ လူသားရဲ့တဏှာရှိပြန်တော့ ညနေ ညနေ စီတယ်လေ စီတယ်လေ……..ဘီယာလေးနဲ့…. ဆိုရင်ပေါ့၊ကျွန်တော်တို့လူပျိုအရွယ်က ခေတ်စားခဲ့တဲ့သီချင်းတောင်ရှိသေး၊”ရေခဲ ….စိမ်….ဘီ……. ယာ”တဲ့။နောက်ကြားဖူးတဲ့သီချင်း”ဘီယာဆိုတာအရက်မဟုတ်ပါ”တဲ့။ဘီယာလေးစုတ်လို့၊မြုံ့လို့ လေညှင်းလေးခံလို့…….ညနေခင်းကိုဖြတ်သန်းနေတုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး “ဦးလေးးးးးးးးးးးဝါသနာပါရင် ရှိတယ်နော်၊သားကိုပြော…..ဟိုမှာတွေ့လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဘာညာရှင်းတယ်နော်။ဇယားမရှုပ်ဘူး”တဲ့။ ခက်တော့ခက်ပြီ၊ခက်နေတာကကျွန်တော်ပါ၊သူ့ဘာသာသူသွားနေကြတဲ့ အချိန်တွေထဲ ကျွန်တော် ကသာ မလိမ်မိုးမလိမ်မာ ၀င်ရောက်နှောက်ယှက်မိတာ။ ခက်တော့ခက်ပြီ၊သူ့ဘာသာသူ ပန်းကုံး၊သရဖူ ဘာပဲဖြစ်ဖြစ် သူကြေနပ်လို့ သူပေးကြ၊သူကြေနပ်လို့ လက်ခံကြ တဲ့ခေတ်ကြီးထဲမှာ မလိမ်မိုးမလိမ်မာ ၀င်ရောက်နျောက်ယှက်မိတာ။ ကျွန်တော့်အမှားပါ ၊ကျွန်တော့်အမှားပါ၊ကွန်တော့်အမှားပါလို့ ညီးတွားနေ၇င်း ကျွန်တော့်လိုမှားတဲ့ ကဗျာဆရာတစ်ယောက်ကို သတိ၇မိပါတယ်။ ကဗျာဆရာကမှိုင်း(ဆေး-၂)ပါ သူက သူ့ရဲ့ မသက်မသာ ကိစ္စတွေကို ကဗျာဖွဲ့ခဲ့ပါတယ်။ကဗျာနာမည်က “ဓါတ်မတည့်ခြင်းများ”တဲ့ ဖတ်ကြည့်ကြပါအုန်း (သော်ဇင်အုန်း)

Wednesday, September 26, 2012

က ကလေးငယ်ချစ်စဖွယ်

က ကလေးငယ်ချစ်စဖွယ် Friday, September 21, 2012 အစားအစာတွေ ပေးတာကျေးဇူးတင်ပါတယ် အ၀တ်အထည်တွေ ပေးတာကျေးဇူးတင်ပါတယ် ဘယ်တော့ အိမ် ပြန် ရမလဲ ဒီမှာမပျော်ပါဘူး သားတို့မှာအိမ်ရှိတယ် (သော်ဇင်အုန်း)

Friday, September 14, 2012

ငယ်ငယ်တုန်းက သူငယ်ချင်းများ

(ငယ်ငယ်တုန်းက သူငယ်ချင်းများ) အတူဆော့ကစားကြ ယောက်ျား-မိန်းမ မရှိ ငါတို့ ထုတ်ဆီးတိုးကြတယ် တူတူ ပုန်းကြတယ် ဂေါ်လီ လှိမ့်ကြတယ် သားရေကွင်း ပစ်တယ် ဘောလုံး ကန်တယ် ရေကူးတယ် သစ်ပင်တက်တယ် တခါတခါ စစ်တိုက်တမ်းလဲ ကစားခဲ့ကြ ဒိုးထိုးတယ် ၊ ဖန်ခုန်တယ် …….. ………….. ……… “ဟေ့ ကလေးတွေ ။တော်တော်ဆိုးတဲ့ ကလေးတွေ “တဲ့ ငါတို့ကိုမုန်းတဲ့ လုကြီးရဲ့အိမ်ရှေ့ ဇောင်းခါးသီးပင်တွေတန်းစီလို့ ခူးမစားဘဲ ငါတို့ ဒုတ်နဲ့ရိုက်ချ သူ့အိမ်ရှေ့ရေမြောင်းထဲ ဇောင်းခါးသီးစိမ်းစိမ်းလေတွေမျောလို့ အဲဒီလူကြီး စိတ်ဆိုး ငါတို့ ရယ်မောပျော်ရွှင် ခဲ့ကြ။ ငါ့ရဲ့အိမ်ဟာ မင်းတို့အိမ်ပဲ မင်းတို့အိမ်ဟာလဲ ငါ့အိမ်ပဲ ငါ့အိမ်က ထမင်းဝိုင်းဟာ မင်းတို့ထမင်းဝိုင်းဖြစ်သလို မင်းတို့အိမ်က ထမင်းဝိုင်းဟာလဲ ငါ့ရဲ့ထမင်းဝိုင်းပဲ၊ နေပူပူ မိုးရွာရွာ နှင်းကျကျ နေ့တွေ လရောင်အောက်က ညတွေ လရောင်ကင်းမဲ့ ညတွေ ငါတို့တတွေ ပျော်ကြ ပြေးတမ်း လိုက်တမ်း ကစား မောပန်းခြင်းများ မရှိခဲ့။ ငါတို့ရဲ့ ကစားကွင်းထဲမှာ အသပြာမရှိ ၊ ဂုဏ်ပကာသန မရှိ အာဃာတ ၊အမုန်း ၊မနာလိုခြင်း မရှိ ပျော်ရွှင်ခြင်းများသာရှိခဲ့သော ငါတို့ရဲ့ ငယ်ဘ၀ အလွမ်းများစွာဖြင့်…………….. (သော် ဇင် အုန်း)

Thursday, September 13, 2012

ကျားနဲ့ယုန်

ကျား နဲ့ ယုန် ခေတ်မှီတဲ့ကျားတစ်ကောင်ဟာ အမဲကောင်ကိုချောင်းပြီး အလစ်ဖမ်းစားရတာ ကြာတော့ ပျင်းလာတယ်။အချောင်သက်သက်သာသာနဲ့ စားချင်လာတယ်။ဒါနဲ့ ကျားဟာ အကြံထုတ်ထုတ်တယ်။ကျားဆိုတော့ သိပ်ကြာကြာမစဉ်းစားရပါဘူး၊အကြံရတာပေါ့။ဒါနဲ့ ကျားဟာ သူ့အကြံကိုအကောင်အထည်ဖော်တော့တယ်။ပထမဆုံး သမင်တစ်ကောင်ကို ဖမ်းလိုက်တယ်။ပြီးတော့ မစားဘဲ ဒီလိုပြောပြီးပြန်လွှတ်လိုက်တယ်။ “ငါမင်းကိုစတာပါကွာ၊ဒီနေ့ကစပြီး အသားမစားတော့ဘူး၊သက်သတ်လွတ်အသီးအနှံစားပြီးဥပုသ်ရက်ရှည်စောင့် အဓိဌာန်ဝင်မလို့ကွ” တဲ့ ကျားပါးစပ်ထဲကထွက်လာတဲ့သမင်ဟာ ၀မ်းသာအားရပြေးလာပြီး တစ်တောလုံးကို ဒီအကြောင်းလျှောက်ပြောပြတယ်။ဒါပေမယ့်ဘယ်သူမှမယုံပါဘူး.။သမင်ကကျိန်တွယ်ပြောတော့ ပညာရှိယုန်ကစဉ်းစားတယ်။ “ခဏနေကြအုန်း ငါကိုယ်တိုင်စမ်းမယ်” ဆိုပြိး ကျားဆီကိုထွက်သွားတယ်။ကျားဆီရောက်တော့…. “သမင်ပြောတာဟုတ်လား၊ကျုပ်မယုံဘူး၊မြက်စားပြမှယုံမယ်” လို့ပြောတယ်။ကျား ပဲ ….ဒါမျိုးစမ်းလို့ဘယ်ရမလဲ။မြက်တွေကိုချက်ချင်းကောက်စားပြတာပေါ့။ဒီတော့ပညာရှိယုန်အတည်ပြုလိုက်ပြီး တစ်တောလုံးယုံသွားကြပြီပေါ့။ နေ့တိုင်းကျားရဲ့ဂူမှာ အသီးအနှံလာပို့သူတွေနဲ့ ကြက်ပျံမကျ စည်ကားနေတာပေါ့။ဒါပေမယ့် ထူးဆန်းတာတစ်ခုက တိရိ စ္ဆာန်တွေထဲက အားအရှိဆုံး၊အသားအများဆုံးသတ္တ၀ါတွေဟာ ကျားဂူသွားရင်းထူးဆန်းစွာပျောက်ဆုံးသွားကြတယ်။ ဒီလိုဖြစ်ပေမယ့် ကျားကိုတော့ မယုံသင်္ကာမဖြစ်ကြပါဘူး။တခြားအကြောင်းကြောင့်လို့ပဲထင်နေကြတယ်။ ကျားရဲ့ပုံစံကလဲမထင်ရက်စရာ၊မျက်နှာလေးက အမြဲချိုပြီး စကားသံလေးက ခပ်အေးအေး၊အမြဲတမ်းအိနြေ္ဒအပြည့်။ဒါပေမယ့် ပျောက်သူများလာတော့ မနေသာကြတော့ဘူး။ပညာရှိယုန်ကိုပဲအကျိုးအကြောင်းပြောဆိုပြီး စုံစမ်းခိုင်းကြတယ်။အကူအညီတောင်းကြတယ်။ယုန်လည်းစုံစမ်းဖို့ ကျားဆီထွက်လာခဲ့တယ်။ကျားဟာယုန်လာတာကိုမြင်တာနဲ့ ပျာပျာသလဲကြိုဆိုတယ်။လိုလေသေးမရှိဧည့်ခံတယ်။ယုန်လည်းလာရင်းကိစ္စမေ့သွားတယ်။ အနံ့တစ်ခု ရတော့မှ သတိပြန်ရတယ်။သေချာတယ်….ကျားရဲ့ပါးစပ်က နံတာ။ပညာရှိယုန်ပဲ သိပြီပေါ့။ ကျားကလဲသိပ်လျင်တော့ ယုန်အခြေအနေကို သဘောပေါက်သွားတယ်။ကျားပဲ…ဘယ်၇မလဲ “ငါ့အကြောင်းကို မင်းသိပြီမဟုတ်လား၊သူများတွေကိုမင်းလျှောက်မပြောနဲ့ပြောရင်မင်းကိုငါသတ်စားမယ်၊ မပြောရင်လူအများရှေ့မှာ မင်းကို ဆရာခေါ်မယ်”လို့ ညှိတယ်။ ဘာကောင်ဖြစ်ဖြစ် ကိုယ့်အသက်တော့ ကိုယ်မြတ်နိုးတာပဲမဟုတ်လား၊ပြေလည်သွားတာပေါ့။ ဒီလိုနဲ့ နှစ်တွေသာကြာသွားတယ်ဒီကိစ္စစုံစမ်းမရတော့ဘူး၊ကျားဂူမှာ စည်ကားဆဲ၊ကျားကလဲသက်သတ်လွတ်စား ဥပုသ်စောင့်မြဲ၊တိရိ စ္ဆာန်တွေကလည်း ပျောက်မြဲပေါ့လေ.. ဒါပေမယ့် ယုန်ကတော့ ကျားရဲ့ဆရာ ဖြစ်သွား ပြီ လေ……. (သော်ဇင်အုန်း) ဟန်သစ် မဂ္ဂဇင်း ဇူလိုင်လ ၁၉၉၂

Thursday, September 6, 2012

ကျနော်

ကိုယ်မှန်တယ်ထင်တဲ့အရာထဲ ဘ၀ကိုအတင်းထိုးသိပ်ထည့်ရင်း လေညှင်းလေးတောင်မှ လွတ်လွတ်လပ်လပ်ရှုခွင့်မရခဲ့ပါ

Saturday, September 1, 2012

လူဆိုတာ မွေးကတည်းကေ၇ချိုး ပေးရတဲ့ သတ္တ၀ါ



လူဆိုတာ  မွေးကတည်းက ရေချိုးပေးရတဲ့ သတ္တ၀ါ

အမေ က မီးလုံးတွေသာ မြင်နေရတယ်  လှည်းပေါ်မှာ ပက်လက်ကြီး လိုက်သွားနေရတာ
ခွဲစိတ်ခန်းထဲကို သားအဖေလိုက်လို့မရဘူး  တံခါးကြီး ဂျိမ်း က နဲ ပိတ်လိုက်တော့
အမေ့ ရင်ထဲ ထိတ်သွားတာ အားငယ်သလိုလို ကြောက်သလိုလို မီးလုံးတွေက အမေ့မျက်နှာ
တည့်တည့်မှာ အဖြူရောင်တွေပဲမြင်နေရတာ စိတ်အေးအေးထား စိတ်အေးအေးထားနော်
ဘာမှမဖြစ်ဘူး စိတ်ကိုလျှော့ထား ဘာမှမပူနဲ့ စကားသံတွေကြားထဲမှာ အမေ့ ခါးဆစ်
စစ်ကနဲ ကျင် သွားတာ သိသလိုလို မသိသလိုလို အမေ့မျက်နှာရှေ့ အစိမ်းရောင်ပိတ်စကြီး
ကျလာတယ် စကားသံတွေတော့ကြားနေရတယ်  ဗျိကနဲ  ဇွပ်ကနဲ  ဓါးနဲ့ခွဲနေသလိုလို
တကယ်လိုလို အိပ်မက်လိုလို အမေ အသံတွေကြားနေ၇တယ် အသံတွေကြားနေရတယ်
ရပြီ ပုတ်လိုက် ပုတ်လိုက်
အုဝဲ အုဝဲ အုဝဲ အုဝဲ အုဝဲ အုဝဲ အုဝဲ အုဝဲ အုဝဲ
ကလေးက အသံအောင်လိုက်တာ သန့်ရှင်းရေးလုပ်ပြီးအပြင်ထုတ်လိုက်တော့
မြန်မြန်လုပ် သွက်သွက်လေး ကလေးအဖေကိုသွားပြလိုက်တော့ ငါတို့ပြန်ချုပ်ရအုန်းမှာ
ဒီနေ့ မွေးတဲ့ ကလေးဟာ အဓီပတိဖွားနော်
                    (သော်ဇင်အုန်း)
     ၂၆.၈.၂၀၁၂   ၁၂း၃၀  pm

အမှန်တရားဆိုတာ ထားလိုက်ပါ များရင်နိုင်နေတဲ့ ဒီအခါမှာ



ွှအမှန်တရားဆိုတာ ထားလိုက်ပါ များရင်နိုင်နေတဲ့ ဒီအခါမှာ
by သော် ဇင် အုန်း on Saturday, August 25, 2012 at 11:35pm ·
အသက်ဖြစ်ဖြစ်  ကဗျာဖြစ်ဖြစ်  တစ်ခုခုတော့ပြန်ငယ်ချင်လိုက်တာ
နှစ်ခုလုံးမရနိုင်ဘူး    တစ်ခုမှလဲ ရမှာ မဟုတ်ပါဘူး
ရူးလို့  စိတ်ကူးယဉ်ကြည့်တာ သိလျှက်လိုချင်မိတာပါ
ဒီလိုလေးဗျာ    ဒီလိုပါ    ဒီလိုစီစဉ်ရတာ
တွေကို
ဒီလိုမကြိုက်ပါကြောင်း
နှင့်
ဘေးတိုက်    ကန့်လန့်  ဘေးထိုင် ဘုပြော 
ဆို
တော့
ဗျာ
ကျနော်သည်  မြန်နိုင်ငံသားစစ်စစ်  နိုင်ငံသား  မိဘ ဘိုးဘွား
စစ်စစ်တွေက   ဆင်းသက်လာကြောင်း
ကို
ယခုအချိန်ထိ   လက်မှတ်တွေ ရေးထိုးနေရသည်မှာ
အဘေး အဘီ အဘင်တွေ  ကို   သက်သေပြုတော့လဲ
ကိုယ်အဆိုတင်သွင်းလိုက်တဲ့   အခါ      ထောက်ခံသူ
ရာခိုင်နှုန်းက    ကိုယ့်ဘက်မှာ   များနေမှ
ဆိုတော့
ဒီလို  နေနေ ရ ပါကြောင်း
                (သော်ဇင်အုန်း)
                ၂၅.၈.၂၀၁၂
                ရန်ကုန်   ၁၁း၀၀pm

Thursday, August 2, 2012

ကဗျာ့အရေးကို မကာကွယ်လျှင် ကဗျာပျောက်ကွယ်သွားနိုင်သည်

ကဗျာ တွေကိုမီးရှို့နေပြီ
ကဗျာတွေထွက်ပြေးနေကြရပြီ
ကဗျာအင်အား၆%သာရှိ
ကဗျာတွေဆက်တိုက်မီးရှို့ခံနေကြရ
ကဗျာတွေရဲ့ သေဆုံး ပျက်စီးမှုနှုန်းဟာမြင့်တက်လာ
ကဗျာတွေကဗျာကရာ စွန့်ခွါနေကြရ
ကဗျာကိစ္စကို ကမ္ဘာက ပြောင်းပြန် အမှားတွေကြားသိနေကြ ကမ္ဘာကသေသေချာချာ
မသိပဲ ရမ်းသမ်း အပြစ်တင်နေကြ
ကဗျာကိုသိလျက် ဘ၀ရပ်တည်ရေးအတွက် ကဗျာပြင်ပ ကဗျာတွေက ကဗျာကိုငြင်းပယ်နေကြ
ကဗျာဘက်မှသမတကြီးက ရဲဝန့်ပြတ်သားစွာ ရပ်တည်လိုက်တဲ့အခါ
ကဗျာကိုသေသေချာချာအသိတဲ့ ကုလသမဂ္ဂ လူကြီးလဲရောက်လာ
ကဗျာရဲ့အခြေအနေကိုကဗျာက စောင့်ကြည့်ကာကွယ်နေရပါကြောင်း
ကဗျာ တိုင်းရင်းသားအပေါင်းတို့
                      (၁.၈.၂၀၁၂)



Friday, June 22, 2012

ပထမတန်းကျောင်းသားလေးနှင့်တွေ့ဆုံခြင်း

ပထမတန်း ကျောင်းသားလေးနှင့် တွေ့ဆုံခြင်း


နံနက်ကိုးနာရီခွဲ   ကျောင်းတက်ချိန်

တစ်ခါတလေ   တန်းစီ
လေးတန်း သုံးတန်း အပြင်မှာထွက်စီ
နှစ်တန်း တစ်တန်း သူငယ်တန်း
ကိုယ့်အတန်းထဲမှာကိုယ်စီ
နိုင်ငံတော်သီချင်းကိုဆို  ၊နိုင်ငံတော်အလံကိုအလေးပြု
မြန်မာကျောင်းသားသီချင်းကိုဆို၊ ပညာရေးမျှော်မှန်းချက်တွေကိုဆို
ကျောင်းသားအရေးသုံးပါးကို ဆို၊တို့တာဝန်အရေးသုံးပါးကို ဆို
ကျောင်းသားကောင်းသီချင်းကို ဆို
ဘုရားရှစ်ခိုး တရားထိုင်
အားလုံးမတ်တပ်ရပ်  ဆရာမကိုနှုတ်ဆက်  မင်္ဂလာပါဆရာမ
ပဉ္စဂုဏံ  အဟံဝန္တာမိ  အာစရိယဂုဏံ အဟံဝန္တာမိ
မင်္ဂလာပါ ကျေးဇူးတင်ပါတယ်ဆရာမ
မြန်မာစာ သင်
အင်္ဂလိပ်စာ သင်
ဆယ့်နှစ်နာရီ    ထမင်းစားချိန် ဆယ့်နှစ်နာရီခွဲ  စာပြန်သင်
သင်္ချာ သင်  
အထွေထွေသိပံသင်  
တစ်ခါတလေ  စာရိတ္တ ၊တစ်ခါတစ်လေ  ဘ၀တွက်တာ
ဆရာမက အိမ်စာတွေအမှတ်ချစ်တယ်  အိမ်စာတွေပေးတယ်
အင်္ဂလိပ်စာ နဲ့သင်္ချာ အိမ်စာပေးတယ်
သုံးနာရီ
ကျောင်းဆင်းချိန်
အိမ်ပြန်တယ်

စစ်

ဖြည့်စွက်ပြင်ဆင်စရာမလို
သူ့နဂိုမူလကတည်းကိုက ပြီးပြည့်စုံပြီးသား
                 ( စစ်)

အသက်တစ်ချောင်းဆိုတာ   ထမင်းစားရေသောက်သလို
ပျင်းလာရင်  မုဒိန်းကျင့်လိုက်တာပေါ့
အားအားယားယားရှိ မိုင်းထောင်တယ်  ဗုံးခွဲမယ်
စာသင်ဖို့မလိုပါဘူး   အသက်ရှင်ဖို့အရေးကြီးတယ်