Monday, November 5, 2012

အတိတ်ဆီပြန်မသွားကြတော့ဘူးဆိုပေမယ့် အတိတ်ကိုပြန်မသွားကြတော့ဘူး

မေ့ထားကြတယ် မေ့ထားတယ်ဆိုတာထက် မေ့နေယောင်ဆောင်ထားလိုက်ကြတယ် တစ်ခါတလေ ပြောမိကြရင်တောင်မှ စကားစကို ဖြတ်ထားလိုက်ကြတယ် အဲဒီတုန်းက ဆိုတဲ့ စကားစကို ပြောမိတဲ့သူ က ချက်ချင်း စကားလမ်းကြောင်းကိုပြောင်းပစ်လိုက်တယ် ခဏ လေး ပြန်ပြေးသွားတဲ့ စိတ် ထဲ ကို ဘယ်သူမှ ပြန်မသွားနိုင်အောင် လမ်းကြောင်း ကို တခြား နယ် ထဲ ဆွဲခေါ်ပစ်လိုက်တယ် ခဏ လေးပါ ခဏလေးပဲ ခဏလေး မျက်လုံးတွေထဲက မျက်လုံးတွေ ကို ဖျပ်ကနဲ မျက်တောင်ခပ်ပစ်လိုက်တဲ့ အချိန်မှာလေးမှာပဲ လမ်းကြောင်းကိုလွှဲလိုက်တယ်…… သော်ဇင်အုန်း

No comments:

Post a Comment