Monday, November 5, 2012
၁၉၉၇
သမိုင်းဂုံးကျော်တံတားလဲမပြီးသေးဘူး
ဘုရင့်နောင်ဈေးလဲဆောက်နေတုန်း
ယုဇနဥယျာဉ်မြို့တော်
ဇေကမ္ဘာဥယျာဉ်မြို့တော်တွေ
အတွင်းရေးမှုး(၁)(၂)တွေ
မြို့ရွာနှင့်အိုးအိမ်တွေ
တဲပေါ်ကလူတွေတိုက်ပေါ်ရောက်ရမယ်ဆိုတာတွေ
သတင်းစာရှင်းလင်းပွဲတွေ
ဟိုဖွင့်ပွဲ ဒီဖွင့်ပွဲတွေ
ထောက်လှမ်းရေးတွေ
အထူးခေတ်စားနေတဲ့အချိန်
လင့်ခရုဇာတွေခေတ်စားနေတဲ့ခေတ်
တစ်ညလုံး၃၀၀၀ဆိုတဲ့ခေတ်
ရွှေပြည်သာ
လှိုင်သာယာကိုလိုင်းကားရှားတဲ့ခေတ်
မြောက်ဒဂုံ/တောင်ဒဂုံမှာရေရှားနေတဲ့ခေတ်ပေါ့
အဲဒီတုန်းက
ကားတစ်စီး ဓါတ်ဆီ/ဒီဇယ်၃ဂါလံရသေးတယ်
ဟိုနား/ဒီနားတက္ကစီ၁၀၀
လိုင်းကားခငါးဆယ် တစ်ကျပ်
ဧည့်စာရင်းတော့တိုင်ရတယ်
ကားတွေဒီလောက်မများသေးဘူး
လူတွေခုလောက်မများသေးဘူး
တက္ကသိုလ်တွေတော့မြို့ပြင်ရောက်နေပြီ
လမ်းကြောင်းလာတယ် လမ်းကြောင်းလာတယ် ဘေးကပ်
ဘေးကပ် ဘေးကပ် ခရာသံတွေဆူညံ
တော်လှန်ရေးပန်းခြံမှာ အစမ်းလေ့ကျင့်နေလို့
လမ်းတွေပိတ်နေတယ်
ရေဒီယိုသံတွေကတော့နေ့နေ့ညည တကျိကျိနဲ့ လိုင်းမိလိုက်ပျောက်လိုက်
မာဇဒါ၉၂၉ကားနက်တွေဘယ်လောက်များလဲ
တရုပ်အော်ဒီကားနက်တွေဘယ်လောက်များလဲဆိုရင်
အလေးပြုတဲ့ လမ်းပြရဲလေး
လက်ကိုချခွင့်မရတဲ့
စနိုးတာဝယ်ကိုလက်သုတ်ပြီး ခေါင်းကိုကျော့နေအောင်ဖီးထားတဲ့
တီဗီမင်းသားကြီးကိုနေတိုင်းကြည့်နေရတဲ့
ရန်ကုန် ပေါ့ လေ……….။ ။
(သော်ဇင်အုန်း)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment