Friday, June 6, 2014

လက်ပံတောင်းဟာ တောင်လား

လက်ပံတောင်းဟာ တောင်လား

February 21, 2013 at 7:51pm
ဒီနေ့ တော်ဝင်နှင်းဆီမှာ ကဗျာရွတ်တယ်
   လက်ပံတောင်းဟာ
     တောင်လား
လက်ပံတောင်းဟာ
မုံရွာထောင်ထဲ ကို ရောက်သွားတယ်
လက်ပံတောင်းဟာ
နိုင်ငံခြားမှာ ဆေးသွားကုခွင့်ရခဲ့တယ်
လက်ပံတောင်းဟာ
ခုထိ စုံစမ်းလို့ကို မပြီးသေးတဲ့
ကော်မရှင်တစ်ခုရထားတယ်
လက်ပံတောင်းဟာ
ဘယ်သူ့ကိုမှ မမုန်းဘူး
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်နိုင်ငံကို
လက်ပံတောင်းဟာ
ချစ်တာ
လက်ပံတောင်းဟာ
သယံဇာတကျိန်စာလား
တကယ်တော့
သယံဇာတ ကိုလိမ်ညာနေလို့ပါ
သယံဇာတဟာ လိမ်ညာခြင်း ခံထားရတဲ့ အရာ……..
(သော်ဇင်အုန်း)

ငါတို့ဟာ အဲ့သလို နေခဲ့ကြရတယ်

ငါတို့ဟာ အဲ့သလို နေခဲ့ကြရတယ်

June 1, 2013 at 8:42pm
မုန့်ဘိုး ဆယ့်ငါးပြား တစ်မတ်နဲ့ ငါးမူးနဲ့
ကျပ်ပြည့်အောင်ဘယ်တော့မှ မသုံးဘူး
ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့
ကျောက်တံ ခဲတံတွေကို အိတ်ရှုံ့လေးထဲထည့်ပြီး
လည်ပင်းမှာ ချိတ်ဆွဲလို့
မော်ကွန်းရုပ်ရှင်ပိတ်ကားကို ငေးမောလို့
ဗိုဗကိုရဲ့ သရက်ဌာနချုပ်အသံ
ဦးသာဆန်းရဲ့ ဘောလုံးပွဲအသံ
ဦးဇော်ဝင်းရဲ့ အသံလွှင့်ဇာတ်တွေနဲ့
ဒူးယားသောက်ချင်သောက်
ခပေါင်းအစီခံမပါတာသောက်ချင်သောက်
BE ကိုတန်းစီ သောက်ချင်သောက်
စိန်မဟာသဘင် ကြည့်မလား
မိုးဝင်းလား  ရွှေနန်းတင်သား နန်းဝင်းလား
ချမ်းသာလား  မန္တလေးသိန်းဇော်လား
ဘဲလေးစိမ်းလား  ပန်တျာကြည်လင်လား
ဂျိုးဖြူလား   ချစ်ဖွယ်လား
ဆိုဗီယက်ပြန်ဦးမောင်မောင်လား
ရွှေမန်းသန်းနိုင်လား
မီးကွင်းပစ်တဲ့ကြားမှာလဲရင်တထိတ်ထတ်
သမ၀ါယမတွေ  တောင်သူလယ်သမားအစည်းအရုံးတွေ
ဆိုက္ကားဆရာတွေလဲ  တရားသူကြီးဖြစ်
စက်ရုံအင်ဂျင်နီယာ  အထက်မှာ စစ်ဗိုလ်က စက်ရုံမှုး  ဖြစ်လို့
                                                       (သော်ဇင်အုန်း)
                                                            ၁.၆.၁၃

၂၀၁၅ လား ၂၀၂၀ လား ၂၀၂၅ လား

၂၀၁၅ လား ၂၀၂၀ လား ၂၀၂၅ လား

March 9, 2013 at 9:45pm

ကဗျာက တကယ်တော့ ကဗျာပဲ ရေးနေချင်တာ
ကန်ရေပြင်ပေါ်မှာ လေ ညှင်းလေးက တိုက်လို့
ကန်ဘောင်ပေါ်မှာ လူသားတွေ စုံလို့ ချစ်သူစုံတွဲတွေနဲ့
ဂစ်တာ တီးနေတဲ့ လူငယ်တွေ
အပြင်းပြေ လမ်းလျှောက်နေတဲ့ မိသားစုတွေ
နဲ့
အင်းလျားရဲ့အလှတွေ
အင်းလေးကန်ကလဲ အင်းသားတွေလှေကို
ခြေနဲ့လှော်လို့
ဖောင်တော်ဦးဘုရားကို ဖူးလို့
မနောပွဲတွေ
ကရင်ဒုန်းယိမ်းတွေနဲ့
တောင်ကြီးမှာမီးပုံးပျံတွေလွှတ်ကြ
မွန်ဆိုတာ ထေရ၀ါဒ အစပြုရာ လို့
ချင်းတွေရဲ့ ၀ါးညှပ်အကဟာလွယ်လား
ကချင်တွေရဲ့မနောပွဲမှာ အတူတူကတော့
ကယားဆိုတာ ငွေတောင်ပြည် ဟ
ဒွေးမယ်နော် ငွေတောင်ပြည်  အလွမ်းက စံနမူနာယူစရာ

ရခိုင်မှာ လှေနဲ့ သင်္ကြန်ရေတွေပက်လို့
မြောက်ဦးဟာ
သမိုင်းထဲက ရခိုင်ဟာ
ခု ခိုင်ရဲ့လား  ရခိုင်
ကဗျာက
အလှရှာပြီး ကဗျာအလှ ရှာပုံတော်လို
ကဗျာရေးနေမယ်လို့ စိတ်ကူးတော့
၂၀၁၃မှာ
 လက်မခံချင်လဲ လက်ခံရနေတဲ့
ပြည်ထောင်စုသမ္မတမြန်မာနီုင်ငံ
ထဲမှာ
နိုင်ငံခြားကလဲလာ လူပါးဝ
နိုင်ငံထဲက လူတွေကလဲ နိုင်ငံသားချင်းရက်စက်ကြ
နိုင်ငံသားအချင်းချင်းလဲ ကွဲကြ   ပြဲကြ
ကဗျာက
ဘာရေးရမလဲ
လှလှပပ ကဗျာလား
ထောက်ခံရေးကဗျာလား
ကန့်ကွက်ရေးကဗျာလား
ပြန်လည်တည်ဆောက်ရေးကဗျာလား
ဆန္ဒထုတ်ဖော်ရေးကဗျာလား
ညီညွတ်ရေးကဗျာလား
ငြိမ်းချမ်းရေးကဗျာလား
ကဗျာပဲရေးနေရင်ပြီးရောလား
ကဗျာက သီးသန့်နေရမှာလား
ကဗျာက နီုင်ငံတကာ ကို ရောက်ဖို့ နိုင်ငံတကာဆန်ဖို့လား
ကဗျာက မြန်မာပြည်ထဲမှာ မြန်မာလို  ကဗျာဆန်နေဖို့လား
ကဗျာစာမူခ များလာလို့လား
ကဗျာဆရာချင်းတိုက်ခိုက်ဖို့လား
ကဗျာက တိုက်ခိုက်ရေးလမ်းကြောင်းထဲမှာလား
ကဗျာက ညီညွတ်ရေး လိုင်းထဲမှာလား
ကဗျာက ရှည်လို့
ဘယ်နေရာမှာ ဖော်ပြလို့ရမယ်ဆိုတာ ကို
မသိတဲ့
ကဗျာရှည်ကြီးလားးးးးးးးးးး
 (သော်ဇင်အုန်း)
    ၉.၃.၁၃

သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင် ပန်းချီကားတစ်ချပ်

သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင် ပန်းချီကားတစ်ချပ်

July 2, 2013 at 8:07pm
သွေးတွေနဲ့ဆေးချယ်ခြင်းခံခဲ့ရတဲ့သမိုင်းဝင်
           ပန်းချီကားတစ်ချပ်
                 (၁၉၈၈)
ဗိုလ်နေ၀င်းပြောတဲ့အတိုင်း
စစ်တပ်က တည့်တည့်ပစ်တယ်
ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ
အတုံးအရုံးထပ်ရင်းလဲပြိုကာနေ ။။။သီချင်းတွေဆိုရင်း
ခွပ်ဒေါင်းအလံတွေကို အဓိကပစ်မှတ်ထားလို့
ကျောင်းသားဆိုတာ ဗကပ တွေ
အဖြူအစိမ်းတွေကို သေသေချာချာရွေးပစ်ကြ
ဗကပတွေ
ဂိုထောင်တွေဝင်လုကြဟေ့
အဆိပ်ခတ်သလိုလို ဖန်တီးကြ
ခေါင်းဖြတ်တာတွေ လူသတ်တာတွေ
များများလုပ်ကြစမ်းပါစေ
၁၉၆၂  က  ကျောင်းသား သမဂ္ဂအဆောက်အအုံကိုတောင်မှ
ဗုံးခွဲနိုင်ခဲ့တာ
တပ်မ၂၂ ကို ရန်ကုန်မှာထား
ကုန်သွယ်ရေးရုံးကိစ္စမှာ
ဘုန်းကြီးတွေပါလာပြီ
ရေးချင်တာရေးကြစမ်းပါစေ
လွှတ်ထားလိုက်
တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးအလိုဆိုပြီး
 ဦးနုဆီကလွဲယူခဲ့တာ
ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအတွက်ဆိုပြီးကြေငြာလိုက်
ရဲဘော်တို့
တပ်မတော်သာအမိ တပ်မတော်သာအဖ
အာဏာသိမ်းလိုက်တော့
၁၈.၉.၁၉၈၈
ညနေ ၄ နာရီ
                                         (သော်ဇင်အုန်း)

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

June 8, 2013 at 8:15am
၁၅၀၀တန်ဖုန်းတွေ
ခြောက်သောင်းကျော်အထိ တန်ဘိုးတက်သွားတဲ့အတွက်
ပဋိပက္ခတွေဖြစ်ပြီးရင်
ဒုက္ခသည်စခန်းတွေဆောက်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
နွေရာသီမှာ မီးခဏခဏပျက်ပြီး
မိုးရာသီမှာ ရေတွေကြီးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ကျောင်းအပ်တာ အခမဲ့အပြင် ပိုက်ဆံတစ်ထောင်ပြန်ပေးတဲ့အတွက်
ကလေးအလုပ်သမားတွေလဲ ပိုမိုများပြားလာတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ဒုတိယကမ္ဘာစစ်ကျန် ဘတ်စ်ကားအိုကြီးတွေရှိနေသေးတဲ့အတွက်
ဘတ်စ်ကားစပယ်ယာတွေ အပြောအဆိုပိုကြမ်းပြီး
လိုင်းကားတွေ အလုအယက်ပိုမောင်းနေကြတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ဒီနေ့တော့ မင်္ဂလာသတင်းပါ
ကိုယ်ပိုင်လေယာဉ်တွေ ၀ယ်စီးခွင့်ရပြီဆိုတဲ့အတွက်
ကျွန်တော်စိတ်ကူးယဉ်ခွင့်ရတာ
အထူး   ကျေးဇူးတင်ပါတယ်……
                            (သော်ဇင်အုန်း)
                                  ၅.၆.၁၃

လက်ပံတောင်း

လက်ပံတောင်း

June 4, 2014 at 4:13pm
ကမ္ဘာကြီးပြောင်းနေပေမယ့်
ငါတို့တိုင်းပြည်ကတော့
အရင်အတိုင်း

နယ်ချဲ့အင်္ဂလိပ်တောင်မှ
ငါတို့ရဲ့လယ်တီဆရာတော်ဘုရားကြီးကိုလေးစား

ကိုယ့်လူမျိုးတွေအုပ်ချုူပ်တော့မှ
လက်ပံတောင်းဟာ
မီးလောင်ဗုံး အပစ်ခံရ
တရုပ်တွေလက်ထဲမှာ
လက်ပံတောင်းဟာ
တောင်ဟာ
တွင်းကြီးဖြစ်လို့

သိမ်ကိုဖျက်
လူကိုထောင်ထဲထည့်
ငရဲသွားမယ့်လူတစ်စု
သူတို့နဲ့အပေါင်းပါများ
မသေခင်ဝအောင်စားထားလိုက်ကြ

(သော်ဇင်အုန်း)

Friday, February 21, 2014

မိသားစု

မိသားစု

ငါ့ကိုချစ်တဲ့လူ
ငါကချစ်တဲ့လူ
ငါတို့အားလုံးအတူတူ

Wednesday, May 29, 2013

ဖျော်ဖြေရေး

လယ်တောထဲက ကောက်စိုက်ပြီးပြန်လာတဲ့ လယ်သူမလေးကလဲ ကိုရီးယားကား ကြည့်တယ် ကုမ္ပဏီက ဖယ်ရီလာပို့တဲ့အချိန်မှ အိမ်ပြန်ရောက်တဲ့ အလုပ်သမလေးကလဲ ကိုရီးယားကားကြည့်တယ် တရားဘာဝနာနဲ့သွားနေတဲ့ အဘွားအိုကလဲ သူ့အချိန်ကျရင် ကိုရီးယားကားကြည့်တယ် လွှတ်တော်ဥက္ကဌကလဲ ကိုရီးယားကိုနမူနာယူတဲ့ ကျနော်ပြောရင်လဲ ပြောတဲ့သူက လွန်ရာကျမယ် ကျနော့်မိန်းမကလဲ ညတိုင်း ကိုရီးယားဇတ်လမ်းတွဲ ကြည့်တယ်

ရယ်စရာ

ရယ်စရာမို့ ရယ်ရတယ် ရယ်ရတာ ရယ်စရာ ရယ်စရာ မို့ရယ်နေတာ ရယ်စရာ ရယ်စရာဟာ ရယ်စရာမို့ ရယ်ရတယ် ရယ်တော့ ရယ်ရတယ် ရယ်စရာဟာ ရယ်စရာ

မုန်တိုင်းလာတော့မယ်

ခင်ဗျားတို့ ကြည့်နေတဲ့ ၇ုပ်၇ှင်ထဲကလို နောက်ဆုံးတော့ သင်္ဘော က မုန်တိုင်းထဲကလွတ်မြောက်လာ သလို ကျွန်းတစ်ကျွန်းပေါ်မှာရောက်ရသလိုလို အဲ့ဒီ အကွက် မဟုတ်ဘူးနော် ကယ်ဆယ်ရေးဆိုတာက ဖြစ် ပျက် သေဆုံးပြီးမှေ၇ာက်လာတဲ့ နောက်ကျ လက်ဆောင် ဘယ်သူမှ ခင်ဗျားစဉ်းစားကြည့်လေ သနားတဲ့မျက်လုံးနဲ့ ကြည့်တာခံချင်မှာလဲ အသင့်ပြင်နေတဲ့ မီဒီယာတွေ သတင်းထုတ်ပြန်နေတာနဲ့ အမျှ... ခင်ဗျားတို့ အဲဒီမှာသွားနေကြည့်ပါလား ပြီးမှပြောချင်တာပြော သူလာနေပြီ ဒုက္ခရဲ့စေလွှတ်တော်မူလိုက်သော မျက်ရည်နတ်သား (သော်ဇင်အုန်း) ၁၁.၅.၁၃

ဒီကဗျာ ကတော့ နောက်ပြန်လှည့်ပြီ

ကဗျာရေး ပြီးရင် ၀တ္ထုလေး ဘာလေး ရေး နာမည်ရလာရင် အဆင်ပြေတာပေါ့.... ကဗျာက လှေခါး ထစ်ရဲ့ အစ လို ကဗျာကို ကဗျာဖတ်သူက ကဗျာဆရာကို ဆုံးမ စာပေဟောပြောပွဲတွေရဲ့စင်မြင့်မှာလဲ ကဗျာတွေရွတ်လို့ ကဗျာဆရာတွေကတော့ ရေးခ ၁၀၀၀၀(အောက်ကြေး) ခေတ်ရဲ့ နိုင်ငံရေးထဲမှာ ကဗျာက မပါချင်လဲ ကဗျာတွေက ပါရ ကဗျာ ကို နေရာတကါ ပါလေရာ ကဗျာက သူ့ဘာသာသူ နေ နေတာ လာဆွဲလဲ ကဗျာက ကဗျာပါ။ ။ (သော်ဇင်အုန်း)

Friday, January 18, 2013

သံလွင်

မြစ်တစ်စင်း ခြားတာနဲ့ ချစ်ခြင်းတရားတွေ မရှိရတော့ဘူးလား ငါတို့ဟာ တစ်နိုင်ငံထဲသားတွေပါ သူ မ ပါ ရင် မြန်မာဆိုတဲ့နာမည်ဟာ မပြည့်စုံ ဘူး

လူ့သက်တမ်း၉၁နှစ်မှာလူ့ဘ၀ကိုစွန့်ခွါသွားသောအဘိုးဦးထွန်းမောင်ရဲ့ရခိုင်ရိုးမကိုယ်တွေ့စကား

Thursday, December 20, 2012

အခြေခံ ကဗျာ မူလတန်းကျောင်း ဒီဇင်ဘာလ တတ်မြောက်မှု စစ်ဆေးခြင်း

အခြေခံ ကဗျာ မူလတန်းကျောင်း ဒီဇင်ဘာလ တတ်မြောက်မှု စစ်ဆေးခြင်း ( ကဗျာ) ၁။ကဗျာကလေး(၊)ကဗျာမ(။)ထည့်ရ်ျ ပြန်ရေးပါ။ (၂)မှတ် ကဗျာသုံးပါး ကဗျာဆရာသမားကဗျာဘိုးဘွားမိဘစသောရိုသေထိုက်သူတို့ကိုကန်တော့ကြသည် ကဗျာသက်ကြီးရွယ်အိုများကိုခေါင်းလျှော်ပေးခြင်းရေချိုးပေးခြင်းဖြင့်ကုသိုလ်ကောင်းမှုပြုကြသည် ၂။အောက်ပါကဗျာစကားလုံးများဖြင့် ကဗျာဖွဲ့ပါ။ (၆)မှတ် ကဗျာနှစ်သစ်ကူး၊ကဗျာအုပ်ချုပ်၊ကဗျာဝတ်ရည်၊ကဗျာလွှင့်ထူ၊ကဗျာထိန်းသိမ်း၊ကဗျာစည်းသား ၃။ကဗျာဖြည့်ပါ (၃)မှတ် (က)ကဗျာ၏ လွတ်လပ်ရေးကို-------ခုနှစ်------လ------ရက်တွင်ရရှိခဲ့သည် (ခ)ကဗျာရေးရာတွင်ခေါင်းဆောင်ကို----------ဟုခေါ်သည် (ဂ)ကဗျာကစားခြင်းသည်----------စေသည် (ဃ)ကဗျာများမှာ-------------များဖြစ်သည် (င)ကဗျာအုံတစ်အုံတွင်--------တစ်ကောင်သာရှိသည် (စ)ကဗျာအခါတွင်ကဗျာအများသည်ကဗျာများကို-------ကြသည် ၄။ကဗျာများကိုဖြေပါ (၁၂)မှတ် (က)ကဗျာဟူသောစကား၏အဓိပ္ပါယ်ကို ဖော်ပြပါ။ (ခ)ကဗျာတစ်အုံတွင်ရှိသော ကဗျာအမျိုးအစားများကို ဖော်ပြပါ။ (ဂ)ကဗျာ၏အသုံးဝင်ပုံကို ဖော်ပြပါ။ (ဃ)ကဗျာမြေခြား ကဗျာများကို ဖော်ပြပါ။ (င)ကဗျာကစားခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများရသနည်း။ (စ)ကဗျာလွတ်လပ်ရေးနေ့ကို အဘယ်ကြောင့်နှစ်စဉ်ကျင်းပသနည်း။ ၅။“ကဗျာဝတ်” ကိုကဗျာရေးပါ ။ (၂)မှတ်

ကျမ မွေးနေ့လို့ဆို ပြီး သူ….လေ…….. စကော့တလန်တံဆိပ်ကို ၀ယ်လို့ သောက်နေလိုက်တာ …

ဘ၀ဆိုတာ ရယ်စရာတော့ ကောင်းသား အဖေ အင်းသား အမေ ဘီလူးကျွန်းသူ တို့ ရန်ကုန်မှာ တွေ့ ချစ် ပေါင်း သင်း လို့…. မိသားစုလေးဖြစ်လာ ရှစ်မိုင် မှာ လေးဘီးဝန်းနဲ့ ကပ်လျက် စိန်ပန်းမြိုင်ရပ်ကွက်ထဲမှာ လူလားမြောက်လို့ အရူးသချိင်္ုင်းကုန်းဆိုတာ ကြောက်စရာမလိုတဲ့ ကစားကွင်းပါ ထားတော့ ရန်ကုန်သူစစ်စစ်ပါ လှိုင်ကောလိပ်မှာကျောင်းတက်ခဲ့တာ ဗိုလ်ချုပ်သမီးဆိုလား ရွှေတိဂုံဘုရားမှာ ပြောမယ်ဆိုတော့ ဘာကားမှမရှိဘူး ခြေလျင်လျှောက်လိုက်ရတာ ပြီးတော့ စစ်အာဏာရှင်က အာဏာသိမ်းတာနဲ့ အဆုံးသတ်လိုက်တာပဲ ရိုးရိုးလေးပါ ကျမလဲ ကျောင်းဆက်တက်လိုက်တာ ကျောင်းဆင်းကာစမှာ အလုပ်ခွင်ထဲတန်းရောက်တော့တာ တိုင်းဆောက် ၁၂ မှာ j e လေ ပါမစ်နစ်ဆိုတာ နည်းတဲ့ အခွင့်အရေးလား မြောက်ဒဂုံ ရုပ်ရှင်ရုံကစ လို့ ဘာမှန်း ဘယ်လိုမှ မှန်းလို့မရတဲ့ ကောင်လေးရောက်လာ ဒီလူဟာ ကိုယ်ချစ်ရမယ့်သူလား ဘာမှန်းကိုမသိခဲ့ပါ ရောက်လာတဲ့ကောင်လေးဟာ သူဌေးကားကိုမောင်းတယ် စာရင်းဇယားတွေလဲသူပဲ ကိုင်သတဲ့ သူက ကျမကို ကြည့်တာ မရိုးသားးဘူးလို့ထင်ရ ဒီတောသားက ငါလို အင်ဂျင်နီယာကို အင်ဂျင်နီယာသူဌေးကလဲ စိတ်ညိုညင်လို့ ဒီဘဲတော်တော်ဆိုးတယ် သူပုံစံက လိုချင်တာ ရအောင်ယူမယ့်သူမျိုး မိန်းမရအောင်သူပိုးတာက မငြင်သာဘူး ကြည့် ကျမ ကိုများ သူ့ကိုချစ်ရင် ….. သိလား…….. သူကယောက်ျားဆိုတဲ့ မာနကြီး တခွဲသားနဲ့ ထားလိုက်တော့ ဘာမှန်းမသိတဲ့ အချစ် ဆိုတာကြီးနဲ့ သားလေးတစ်ယောက်တောင်မှရ ရော ဟော လာပြန်ပြီ ကဗျာစာအုပ်ထုတ်မယ်ဆိုတော့မှ သူ့ ရဲ့ ဘ၀ ကိုသိရ ပထမ တစ်အုပ် ကုန်ရတော့တာပါပဲ ကျမရဲ့ မူးစု ပဲစု ပိုက်ဆံတွေ လာပြန်ပြီ နောက်တစ်အုပ် သူထုတ်ချင်တာတွေ ထုတ်ပါ ကဗျာကို အရာအားလုံး ထက်သူချစ်တာ ဘာကြောင့်ပါ လိမ့်

Saturday, December 15, 2012

ကွမ်းရွက်၊ထုံး၊ကွမ်းသီး နဲ့ထည့်ချင်ရာထပ်ထည့်လိုက်ပါ ကွမ်းယာ

အရေမရ အဖတ်မရပါပဲ- ၀ါးပြီးထွေးထုတ် ပစ်လိုက်ရတာပါပဲ၊ ဒါပေမယ့် စားနေတယ်၊စားနေတယ်။ကွမ်းယာဆိုင်တွေ နေရာအနှံ့…မြန်မာနိုင်ငံ အနှံ့……… ရေကြီးလို့ကွမ်းခြံတွေ ရေမြှုပ်ကုန်လို့၊ကွမ်းတွေပိုးကျလို့၊ကွမ်းသီးဈေးတက်လို့..စသည်ဖြင့်၊ ကွမ်းယာ ဈေးတက်လဲ ကွမ်းယာဆိုင်တွေ ပိုများလာလေပဲ။လောလောဆယ် လုပ်စရာမရှိရင် ကွမ်းယာဘန်းလေး တစ်ခုတည်ပြီး လျှောက်ရောင်းရင်စားဖို့တော့ ရမှာ…စသည်ဖြင့်…. ဘယ်အချိန်ကစလို့ ကွမ်းစားခဲ့ကြသလဲဆိုတာတော့ ကျွန်တော်သေသေချာချာ မသိဘူး။ကျွန်တော်မမွေးခင် ကတည်းကစားနေကြတာ သေချာပါတယ်။ကျွန်တော်ကတော့ အိမ်မှာငယ်ငယ်ကတည်းက အဖေ့ကြေး ကွမ်းအစ်ကြီးနဲ့စတွေ့ခဲ့တာပါ။အဖိုးကလည်း ကွမ်းစားတယ်၊အဖေကလည်းကွမ်းစားတယ်၊ကျွန်တော်လဲ ကွမ်းစားတယ်။အဖိုးနဲ့အဖေတို့တုန်းကတော့ကွမ်း/ကွမ်းသီး/ဗမာဆေးရွက်ကြီး/ထုံး(တချို့ကတော့ရှားစေးပါတယ်)ဒါပါပဲ။ကျွန်တော်တို့ခေတ်ကျတော့ များလိုက်တဲ့ အိန္ဒိယဆေးမွှေးတွေ…..နိုင်တီးတူး၊စစ်ကနယ်၊ဘုရင်မ၊ ဆာဂါ၊ဟမ်ဒရက်၊နှပ်ဆေး၊ဆေးပေါင်း……….စသည်ဖြင့်ပေါ့။ ခု…..ကြားနေရပြန်ပြီ…“မင်းတို့ကောင်တွေက ၊တော်တော်ပိန်းတဲ့ကောင်တွေ..ဘာဆေးမွှေးလဲ၊ဘာတံဆိပ်လဲ ဘာအမျိုးအစားကိုလိုချင်လဲ၊ငတုံးတွေ ၊မင်းတို့စားနေတာ အတုတွေကွ၊လာစမ်းပါ၊လိုချင်တဲ့တံဆိပ်ရမယ်၊ငါ တို့ရပ်ကွက်ထဲကထွက်တာ”တဲ့။ ရှုပ်နေတာ၊ရှုပ်နေတာ ကွမ်းယာ ကိစ္စ။ ငယ်ငယ်က၊ စာအုပ်ထဲမှာဖတ်ဖူးတာက “တံတားဦးက ကွမ်းနုဝါ ငမြာကဆေး ကိုင်းထုံးဖြူ ပြည်ရှား သာဝါးလို့ ထွေး” တဲ့။ ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးဟာ နန်းတော်တိုင်တွေမှာ ထုံးတွေပေနေတာတွေ့တော့ စည်းကမ်းတစ်ခု သတ်မှတ်တယ်၊ဘယ်သူဖြစ်ဖြစ်၊နန်းတော်တိုင်မှာ ထုံးတွေကပ်သုတ်ရင် “လက်ညှိုးဖြတ်စေ”တဲ့။တစ်နေ့မှာ ဘုရင်ကြီးဟာ ယောင်ပြီး နန်းတော်တိုင်မှာ လက်ကထုံးကို သုတ်မိခဲ့တယ်။မူးကြီးမတ်ရာသေနာ ပတိတွေကတော့ ဘာမှ မပြောရဲကြဘူး။နည်းနည်းလေး လွတ်သွားတဲ့ သတိကို ဘုရင်ကြီးက သိတော်မူခဲ့တယ်။ “ငါ သုတ်လိုက်မိပြီ၊ငါဘာလုပ်ရမလဲ” ဘုရင်ကြီးဟာ ကြာကြာမစဉ်းစားပါဘူး၊လက်သုံးတော် သံလျက်နဲ့ သူ့ရဲ့ လက်ညှိုးကိုဖြတ်လိုက်တော်မူသတဲ့။ ဒီ ရာဇ၀င်လေးကို ဖတ်မိတော့ “သြော်ဒီလို ဘုရင်လဲ ရှိပါလား”လို့လေးစားချီးကျူးမိတယ်ဗျ။ ဒါ….ကွမ်းနဲ့ပတ်သက်တဲ့ ရာဇ၀င်ပါ။ “ ကွန်းမန်း/ထုံးမန်း တွေစွမ်းလိုက်တာ၊ဓါးခုတ်ရင် ဓါးကျိုး၊လှံထိုးရင် လှံခွေ ဒါတွေကို မင်းတို့ကရယ်ကြမှာ သေနတ်ပြီးတယ်၊ကျည်လုံးဝကိုမထွက်တာ၊ထိုးလိုက်/ခုတ်လိုက်လို့သွေးထွက်လာရင် လက်နဲ့သပ်ချလိုက် ထွက်နေတဲ့သွေးတွေ ချက်ချင်းတိတ်သွားတယ်ကွ” တဲ့။ ပေါင်မှာ ထိုးကွင်းတွေ အပြည့်နဲ့ဘကြီးတစ်ယောက်ပြောခဲ့တာ ခုထိ မှတ်မိနေတယ်။(ခု ခေတ်စားနေတဲ့ တက်တူးတွေကို ရယ်နိုင်တဲ့ မြန်မာ့ ရိုးရာ ထိုးကွင်းဗျ၊ ကွမ်းသီးကို ပါးစောင်မှာ ခဲထားရင်း စုတ်ချက်ထိုးလို့နာတာကို ဗမာ့သတ္တိ အပြည့် နဲ့ အထိုးခံတဲ့ ရှေးမြန်မာ ကြီးတွေ) ဗျတ်ဝိကိုသတ်လို့မရလို့ သူ့ချစ်သူ မအိုစာက“ကွမ်းတစ်ယာ၊ရေတစ်မှုတ်နဲ့”အားလျှော့ခိုင်းမှသတ်လို့ရတာ တွေ၊ ကွမ်းစားရင် ဖြစ်တတ်တဲ့ကင်ဆာရောဂါတွေ၊ “ကွမ်းမစားရ၊ကွမ်းစားနေသူများ မ၀င်ရ”တွေ၊ တစ်ခါတုန်းက နိုင်ငံကျော်အဆိုတော် လေးဖြူတစ်ယောက် ဂျပန်နိုင်ငံမှာကျင်းပတဲ့ ဂီတပွဲတော်တစ်ခုကို သွားရောက်ဖျော်ဖြေခဲ့ဘူးတယ်။ကိုယ်ပိုင်သံစဉ်သီချင်းတွေကို သီဆိုရတဲ့ပွဲဆိုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ထူးအိမ်သင်ရဲ့ “ရာဇ၀င်များရဲ့သတို့သမီး”ကိုဆိုခဲ့တယ်တဲ့။သူဟိုမှာနေတဲ့အခိုက် အခက်အခဲတချို့ ပြောပြပါဆိုတော့(အင်တာဗျူးမှာ)“ကွမ်းမစားရတာနေရခက်တယ်” တဲ့၊ သူငယ်ချင်းတစ်ယောက်ကတော့ဒီလိုပြောတယ်“ဘယ်ကလာလာ သီရီမင်္ဂလာဈေးမှာဂိတ်ဆုံးတာ”တဲ့……… (သော်ဇင်အုန်း)

ဒီနေရာကို အချစ်က ရောက်လာခဲ့တာပေါ့

နာမည်တော့ရေးတတ်တယ် မှတ်ပုံတင်နံပါတ်တော့ အလွတ်မရဘူး သဲတစ်တောင်း ကျောက်တစ်တောင်းနိုင်ကတည်းက အလုပ်စလုပ်ခဲ့တာ (ငယ်ငယ်ကတည်းက ငါးရှာ ပလပ်စတစ်ကောက်တာတွေမပါ) ခု……မြေကြီးကို လိုချင်တဲ့ပုံစံအတိုင်း ကျကျနနတူးနိုင်တယ် မဆလာဖျော်ဟေ့….ဆိုရင် ပန်းရံဆရာကိုမေးစရာမလိုတော့ဘူး ၁း၃ ၁း၎ ၁း၅ ကျောက်လောင်းမှာဆိုရင် ၁း၃း၆ ၁း၂း၎ အိုဗျာ ပြောစရာကိုမလိုတော့တာ အုတ်စီရမှာ ချောရမှာ ဘယ်နှအိတ်စပ်ဆိုတာကစ ကျွမ်းနေပြီ သူ့ကိုဒီအလုပ်ထဲမှာပဲတွေတာ သူလဲနောက်လိုက် ကိုလဲလူကြမ်း လွမ်းခန်းတွေမရိုက်ချင်ပါဘူး ယူကြပြီးရင်လဲ ဒီအလုပ်ပဲ ဆက်လုပ်ရမှာပေါ့။ ။ (သော်ဇင်အုန်း) ၃၁.၁၀.၂၀၁၂